Showing posts with label ထိုင်းတောင်ပိုင်း. Show all posts
Showing posts with label ထိုင်းတောင်ပိုင်း. Show all posts

Thursday, January 23, 2025

ရိုဟင်ဂျာ ၅၀ နီးပါး ထိုင်းတောင်ပိုင်း ကမ်းခြေရောက်ရှိ

VOA
အေးအေးမာ

၂၁ ဇန်နဝါရီ၊ ၂၀၂၅ 

 ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် Sai Kaew စိုင်ခေါ ကမ်းခြေကိုရောက်လာတဲ့ ရိုဟင်ဂျာများ (ဇန်နဝါရီ ၂၁၊ ၂၀၂၅) 

ထိုင်းနိုင်ငံတောင်ပိုင်းကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေ အများစုပါတဲ့ ရိုဟင်ဂျာ ၅၀ နီးပါး ဒီက နေ့ပဲ ရေကြောင်းကနေ ရောက်ရှိလာကြောင်း အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ မလေးရှားနိုင်ငံကိုသွားဖို့ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံကမ်းခြေကို ရောက်လာကြတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

Sunday, November 17, 2024

ထိုင်းတောင်ပိုင်း ရောက်လာတဲ့ မွတ်ဆလင် ၇၀ ကို ထိုင်းဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၁၆ နိုဝင်ဘာ၊ ၂၀၂၄ 

တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာများကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းစဉ် (ပုံဟောင်း)

မြန်မာနိုင်ငံကလို့ ယူဆရတဲ့ ရိုဟင်ဂျာ ၇၀ ကို နိုင်ငံတောင်ပိုင်းက ကျွန်းတခုပေါ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။ ထိန်းသိမ်းခံရသူတွေထဲ ကလေးငယ် ၃၀ လည်း ပါဝင်တယ်လို့ ပြောပါတယ်။

Wednesday, November 1, 2023

ထိုင်းတောင်ပိုင်းမှာ အထောက်အထားမဲ့ရိုဟင်ဂျာ ၂၁ ဦး ဖမ်းဆီးခံရ

VOA
အေးအေးမာ

၀၁ နိုဝင်ဘာ၊ ၂၀၂၃ 


ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung (ဖတ်ထလုံ) ခရိုင်မှာ မလေးရှားကိုသွားမယ့် အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိပုံ။ (ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung (ဖတ်ထလုံ) ခရိုင်မှာ မသင်္ကာဖွယ် ကား ၂ စီးကို ဖတ်ထလုံး ရဲ တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှာ မလေးရှားကိုသွားမယ့် အထောက်ထားမဲ့ရိုဟင်ဂျာ ၂၁ ဦးကို ဖမ်းမိခဲ့ ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Wednesday, September 7, 2022

ပင်လယ်ထဲမျောပါနေသည့် ရိုဟင်ဂျာ ၁၀ဦးနှင့် ကျွန်းပေါ်က ၄၁ဦးတို့ကို ထိုင်းကယ်တင်



ထိုင်းနိုင်ငံ စတုန်ခရိုင်ရှိ ပင်လယ်ထဲတွင် အကာအကွယ်မရှိဘဲ မျောပါဒုက္ခရောက်နေသော ရိုဟင်ဂျာ ဒုက္ခသည် ၁၀ ဦးကို စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၄၁ ဦးကို ကျွန်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စတုန်ခရိုင် လန်ဂူးဒေသ ဘူလိုးကျွန်းအနီး ပင်လယ်ပြင်တွင် မျောပါနေသည်ကို ထိုင်းငါးဖမ်းသမားများက မြင်တွေ့သဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းပင်လယ်ထဲ တွန်းချခံရသည့် ရိုဟင်ဂျာ ၁၀ ဦးနှင့် ကျွန်းပေါ်သောင်တင်နေသူ ၄၁ ဦးကို ကယ်တင်

DVB
2022.09.07

ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ ပင်လယ်ထဲတွန်းချခံရတဲ့ ရိုဟင်ဂျာအမျိုးသား ၁၀ ဦးနဲ့ ကျွန်းပေါ်သောင် တင် နေတဲ့ ၄၁ ဦးတို့ကို ထိုင်းအာဏာပိုင်တွေ ကူညီကယ်ဆယ်ထားတယ်လို့ The Nation ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက် ၆ နာရီလောက်က ထိုင်းပင်လယ်ပြင် ပူးလွန်း ကျွန်းစုအနီးမှာ လူတစုရေထဲ ကူးခတ်ပြီး အကူအညီလှမ်းတောင်းနေတာကို တံငါသည် ရွာသားတွေက တွေ့ရှိတာကြောင့် ကနဦးကယ်တင်ပြီး လငူးမြို့နယ် အုပ်ချုပ်ရေးရုံးနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ လငူးနယ်မြေရဲစခန်း တာဝန်ကျစခန်းမှူး က ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */