VOA
ဗွီအိုအေ (မြန်မာဌာန)
31 ဒီဇင်ဘာ၊ 2019
ဥရောပ သမဂ္ဂအဖွဲ့ EU က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူ အညီ ဖြစ် နောက်ထပ် ယူရိုငွေ ၁၀ သန်း ပေးအပ်မယ်လို့ ဥရောပကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ် အစောပိုင်းက ထောက်ပံ့ကူညီမယ်လို့ ကြေညာထားပြီးဖြစ်တဲ့ ယူရိုငွေ ၃၃ သန်းအပေါ် အပိုဆောင်းပေးအပ်တဲ့ အကူအညီလည်း ဖြစ်ပါတယ်။ အဲဒီ အကူအညီတွေကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က နယ်ခံ လူမှုအဖွဲ့အစည်းတွေနဲ့ နေရပ်စွန့်ခွာရသူတွေ၊ ဒုက္ခသည်တွေ အသက်ရှင်ရပ်တည်နိုင်ရေး အကူအညီအဖြစ် ရည်ရွယ် ပေးအပ်တာ ဖြစ်ပါတယ်။ဗွီအိုအေ (မြန်မာဌာန)
31 ဒီဇင်ဘာ၊ 2019