အောက်တိုဘာ ၂၀၁၆ တုန်းက ရခိုင်မြောက်ပိုင်း လုံခြုံရေးရဲယာဉ်ကို တွေ့ရစဉ်
စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာမှာ မနေ့ညပိုင်းက ရဲတပ်ဖွဲ့ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရလို့ရဲတပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ သင်ပုန်းတန်းကျေးရွာ ဘက် မှာလဲ လက်နက်ကြီး ကျည်ဆံပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦး သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထား ပါတယ်။