RFA
ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2024.01.26
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲနေသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။Citizen Journalist
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာစုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ်က ဒေသခံတွေနဲ့ အဆက်အသွယ်ရနေတဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။