" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တောင်းပန်. Show all posts
Showing posts with label တောင်းပန်. Show all posts

Sunday, July 23, 2023

ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဖေါ်ဆောင်ဖို့ အခွင့်အ လမ်းမရခဲ့တဲ့အပေါ် NUG ဝန်ကြီးတောင်းပန်

VOA
အင်ကြင်းနိုင်
၂၃ ဇူလိုင်၊ ၂၀၂၃ 

မအင်းကြင်နိုင် (VOA မြန်မာ) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

စစ်တပ်ရဲ့ ဖိနှိပ်မှုကို အပြင်းအထန်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဖေါ်ဆောင်ဖို့ အခွင့်အလမ်းမရခဲ့တဲ့အပေါ် တောင်းပန်ကြောင်း NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ် အေး က ဗွီအိုအေကိုပြောပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီလ အာဏာမသိမ်းခင် လူကယ်ပြန်ဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးအနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ရိုဟင်ဂျာတွေ တရားမျှတမှုရရှိရေး ဘာကြောင့် မဆောင်ရွက်နိုင်ခဲ့သလဲ။ NUG က လျာထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေဘတ်ဂျတ် အခြေအနေစတာ တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတဲ့ ဒေါက်တာဝင်းမြတ်အေးကို မအင်ကြင်းနိုင်က ဗွီအိုအေ စတူဒီယိုကို ဖိတ်ခေါ်မေးမြန်းထားပါတယ်။

Wednesday, October 26, 2022

တော်လှန်ရေး အတွေးအခေါ် နဲ့ အတွေးအခေါ် တော်လှန် ရေး

ဖက်ဒရယ်ဂျာနယ်
( ဆောင်းပါး )

၁) အတွေးအခေါ်ရဲ့ အရေးပါပုံကို အခုလို တွေးမိပါတယ်။ အတွေးအခေါ် ရေသောက်မြစ် ခိုင်မာစွဲမြဲတဲ့အခါ လုပ် ဆောင်မှုဆိုတဲ့ ပင်စည်ဟာ ကြီးကြီးမားမား အင်အားပြည့်နဲ့ ဖွင့်ထွားလာမှာဖြစ်တယ်။ ခိုင်မာတဲ့ ရေ သောက် မြစ်၊ ခိုင်ခံထုထည်ရှိတဲ့ ပင်စည်ကနေ အခက်အလက် အသီးအပွင့်တွေ မဝေဆာမှာ ပူပန်စရာ မလိုတော့ပါ။ နောက်ထပ် စကားပုံတစ်ခုလည်း ရှိပါသေးတယ်။ “မျိုးစေ့ မှန်မှ အပင်သန်မယ်” တဲ့။ ဒါဆို လက်ရှိတော်လှန်ရေးရဲ့ အတွေးအခေါ်က ဘာလဲ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */