" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်တွေပင်လယ်ပြင်. Show all posts
Showing posts with label စစ်တွေပင်လယ်ပြင်. Show all posts

Wednesday, August 9, 2023

စစ်တွေမှာ ရိုဟင်ဂျာစက်လှေနစ်မြုပ်ပြီး ရုပ်အလောင်း ၁၁ လောင်း ထပ်တွေ့

RFA
RFA Burmese
2023.08.09

စစ်တွေပင်လယ်ပြင်တွင် စက်လှေနစ်မြုပ်ပြီး သေဆုံးသွားသည့် ရိုဟင်ဂျာ ရုပ်အလောင်းများအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က ဗေဒါရွာ ကမ်းခြေတွင် တွေ့ရှိခဲ့စဉ်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်း


ရခိုင်ပြည်နယ်၊ စစ်တွေပင်လယ်ပြင်မှာ စက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာ ၄၅ ဦးထဲက ၁၁ ဦးရဲ့ ရုပ် အလောင်းတွေကို သြဂုတ်လ ၉ ရက် ဒီကနေ့ မနက်ပိုင်းနဲ့ မနေ့ညက ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရုပ်အလောင်းတွေကို ဘာဆာရာရွာ ကမ်းခြေ၊ သဲချောင်း၊ ဒါးပိုင်နဲ့ ဗေဒါရွာ ကမ်းခြေတွေမှာ တွေ့ရှိခဲ့ပြီး အခု စစ်တွေဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ကိုဗျာလက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */