" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂျပန်ခရီးစဉ်. Show all posts
Showing posts with label ဂျပန်ခရီးစဉ်. Show all posts

Thursday, October 24, 2019

ရခိုင်အရေး အကြမ်းဖက်လုပ်ရပ်ကိုပါ အလေးထားဖို့ အတိုင် ပင်ခံပုဂ္ဂိုလ် ထောက်ပြ

VOA
 ဗွီအိုအေ (မြန်မာဌာန)
ရဲမင်းထွန်း
24 အောက်တိုဘာ၊ 2019
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (Source - Myanmar State Counselor Office ) 

 နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေးမှာ အကြမ်းဖက်သမား အစုအဖွဲ့ တွေကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နိုင်ငံတကာ အသိုက်အဝန်းက အလေးပေး စဉ်းစားခြင်း မရှိလို့ စိတ်ပျက်မိကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာကိုလည်းသူ့အနေ နဲ့ နားလည်ကြောင်း ပြောပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဂျပန် ဧကရာဇ် Naruhito ရဲ့ ဘိ သိတ်ခံပွဲကို တက်ရောက်ပြီး တစ်ရက်အကြာမှာ The Nikkei Asian Review သတင်းဌာနနဲ့ တွေ့ဆုံ မေး မြန်းခန်းမှာ သူက ရခိုင်အရေးနဲ့အတူ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံခြား ဆက်ဆံရေး ကိစ္စ တွေ ကိုလည်း ဖြေကြား ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။

Tuesday, October 22, 2019

လူ့အခွင့်အရေးချိုးဖောက်မှုတွေ အရေးယူဖို့ မြန်မာကို ဂျပန် တိုက်တွန်း

လွတ်လပ်သောအာရှအသံ( RFA )
ဦးခင်မောင်စိုး
2019-10-21
ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၉ အောက်တိုဘာ ၂၁ ရက်နေ့က ဂျပန်နိုင်ငံတွင် တွေ့ဆုံကြစဉ်။
                                        
မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော် အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ် သက်ပြီး နိုင်ငံတကာ လွတ်လပ်သော စုံစမ်းရေးကော်မရှင်က ထောက်ခံတင်ပြထားတဲ့ အချက်တွေနဲ့ အညီ လို အပ်တဲ့ အရေးယူမှုတွေကို အမြန်ဆုံး လိုက်နာဆောင်ရွက်ပါလို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရှင်ဇို အဘေးက ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */