Showing posts with label ရိုဟင်ဂျာ ဒုက္ခသည်. Show all posts
Showing posts with label ရိုဟင်ဂျာ ဒုက္ခသည်. Show all posts

Tuesday, March 11, 2025

ရိုဟင်ဂျာ ဒုက္ခသည်သစ်တွေ အသိအမှတ်ပြုလက်ခံရေး လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

RFA
RFA Burmese
2025.03.11 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ AFP Photo 

Saturday, March 8, 2025

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အရေးပေါ်အကူပေးကြဖို့ WFP ပန်ကြား

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ မတ်၊ ၂၀၂၅ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာ ရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်အတွက် ကုလသမဂ္ဂရဲ့ အချိုးကျ ထောက်ပံ့ငွေလျှော့ချမှုတွေ မလုပ်ရအောင် အရေးပေါ်အကူငွေ ချထားပေးဖို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ WFP က ပန်ကြားလိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က မတ်လ ၇ ရက် သောကြာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Friday, December 27, 2024

ရိုဟင်ဂျာ ဒုက္ခသည် ၁ဝ၃ ဦးကို သီရိလင်္ကာ လေတပ်စခန်းမှာ ထိန်းသိမ်းထား

RFA
RFA Burmese
2024.12.27
 

သီရိလင်္ကာနိုင်ငံ Trincomalee ဆိပ်ကမ်းတစ်ခုမှာ ရိုဟင်ဂျာဒုက္ခသည်များ လှေပေါ်တွင် အနားယူနေကြသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Mangalanath Liyanaarahhi / AP

သီရိလင်္ကာရေတပ်က ကယ်တင်ထားတဲ့ မြန်မာပြည်က ရိုဟင်ဂျာ ဒုက္ခသည် ၁ဝ၃ ဦးကို လေတပ်စခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Sunday, September 29, 2024

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်အသစ်တွေ အကူအညီ ကင်းမဲ့နေကြောင်း HRW ထုတ်ပြန်

RFA
RFA Burmese
2024.09.27
 

မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ကယ်ထုတ်ပေးနေစဉ်။ Screenshot from Arakan Bay News's Video
 
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကနေ လတ်တလော ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အကာအကွယ်ကင်းမဲ့နေတာကြောင့် သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

Thursday, May 30, 2024

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ RSO က လူသစ်စုဆောင်းနေ

BBC
30 May 2024

 

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ RSO က လူသစ်စုဆောင်းရာက မနာခံသူတွေကို ပစ်ခတ်သတ်ဖြတ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတစ်ခုမှာ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ ရိုဟင်ဂျာ ကျောင်းသားတစ်ဦးနဲ့ ကျောင်းဆရာတစ်ဦး သေဆုံး သွားပါတယ်။

Thursday, December 7, 2023

ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲက သတ်ဖြတ်မှုတွေ

BBC
December 7' 2023 

ပြိုင်ဘက် လူဆိုးဂိုဏ်းတွေ မင်းမူဖို့ ကြိုးစားနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲ လူ ၄ ဦး သတ်ဖြတ် ခံလိုက်ရတယ်လို့ ဘင်္ဂလား ဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒုက္ခသည် စခန်းတွေထဲ လှုပ်ရှားနေကြတဲ့ ပြိုင်ဘက် အဖွဲ့ ၂ ခုကြား တိုက်ခိုက်ရာကနေ အခုလို သေ ဆုံး ခဲ့တာလို့လည်း ဆိုပါတယ်။

Tuesday, August 29, 2023

ရိုဟင်ဂျာ ဒုက္ခသည်များက ဖေ့ဘုတ်မိခင်ကုမ္ပဏီအား အိုင်ယာလန်တွင် တရားစွဲ

မဇျ္စိမ
By TNW
29 August 2023


ရာစုနှစ်၏ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှုတခုဖြစ်သော ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ် မှုတွင် ပါဝင်မှုဖြင့် ဖေ့ဘုတ်၏ မိခင်ကုမ္ပဏီ နည်းပညာကုမ္ပဏီကြီး Meta ကို ရိုဟင်ဂျာဒုက္ခသည်များ က အိုင်ယာလန် တရားရုံးချုပ်တွင် တရားစွဲဆို အမှုတင်ထားသည်။

ပြီးခဲ့သည့် သောကြာနေ့ ဩဂုတ် ၂၅ ရက်သည် မြန်မာစစ်တပ်က မွတ်စလင်ရိုဟင်ဂျာ ၂၅,၀၀၀ကျော် ကို သတ်ဖြတ်ပြီး နောက်ထပ် ၇၀၀,၀၀၀ ကျော် နေရပ်စွန့်ထွက်ပြေးခဲ့ရသော တိုင်းရင်းသားလူမျိုးစု ရှင်းလင်းရေး စတင်ချိန်မှ ခြောက်နှစ်ပြည့်မြောက် ဖြစ်သည်။ ရိုဟင်ဂျာ အများစုသည် အိမ်နီးချင်းဘင်္ဂ လားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ကြကာ တော်တော်များများက နေထိုင်လျက် ရှိဆဲဖြစ်၍ ကမ္ဘာ့အ ကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်နေသည်။

Monday, August 28, 2023

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ ၆ နှစ်ပြည့်ကာလမှာ ဘယ်အ ခြေအနေ ရောက်နေပြီလဲ

MoeMaKa
(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၃
 

သြဂုတ် ၂၅ မြင်ကွင်း

၂၀၁၇ ခုနှစ်ရဲ့ မုတ်သုန်မိုးရာသီ သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA လို့ခေါ်ဆိုတဲ့ ရိုဟင်ဂျာကယ် တင် လွတ်မြောက်ရေး တပ် လို့အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့က နယ်စပ်ကင်းစခန်း၊ ရဲစခန်းတွေ ကို တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့၊ လူမျိုးသုဥ်းသတ်ဖြတ် မှု လို့ သမိုင်းတင်ခံရမယ့် လက်တုံ့ပြန်နှိမ်နှင်းမှု စစ်ဆင်ရေးကို စတင်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန် ကာလဟာ အန်အယ်လ်ဒီပါတီက အစိုးရအဖြစ်နဲ့ တာဝန်ယူချိန်ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ AA လက် နက် ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ် ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲတွေ မဖြစ်ပွားမီ ၁ နှစ်အလိုကာ လ လည်း ဖြစ်ပါတယ်။

Friday, July 21, 2023

လူမျိုးတုန်း သတ်ဖြတ်မှု ထပ်ကြုံမှာကို စိုးရိမ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြော

မဇ္ဈိမ
20 July 2023

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု Genocide လို  အဖြစ်အပျက် မျိုး ထပ်ကြုံရမှာကို စိုးရိမ်တယ်လို့ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။

Saturday, July 8, 2023

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ထွက်ဆိုချက်များ ကို ICC က မှတ်တမ်းယူ

မဇျ္စိမ
UCA News
07 July 2023

Photo-AFP
 

မြန်မာစစ်တပ်ကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးခြင်း တစ်စိတ်တစ်ဒေသအဖြစ် နိုင်ငံတကာ ရာဇ ဝတ်မှုခုံရုံး (ICC) သည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ထွက်ဆိုချက်များကို မှတ်တမ်းရယူနေသည်။

အိမ်နီးချင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အများအပြား ရှိနေရာ ဘင်္ဂလားဒေ့ရှ် လာရောက်ပြီး ရှေ့နေ ကာရင် အာဆတ် အာမတ် ခန်းက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကော့ဘဇားမှ စခန်း (၁) နှင့် (၁၂) တို့မှ ဒုက္ခသည်များနှင့် ဇူလိုင် ၆ ရက်တွင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

Tuesday, March 21, 2023

စစ်ကောင်စီလုပ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် လက်ခံရေး အစီ အစဥ်ကို ဟန့်တားပေးဖို့ ကုလအတွင်းရေးမှူးချုပ်ထံ တောင်း ဆိုနေ

B B C

ဘီဘီစီမြန်မာပိုင်း
၂၁ မတ် ၂၀၂၃,

မြန်မာပြည်ထဲ ဒုက္ခသည်တွေ ပြန်ဝင်လာဖို့ အန္တရာယ်မကင်းသေးဘူး ဆိုပြီး UNHCR ဆန်းစစ်ထား


ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်လည် လွှဲပြောင်းရေး ဖြစ်မြောက်လာဖို့ ဆိုပြီး မြန်မာကိုယ်စား လှယ် အဖွဲ့ဟာ ဒုက္ခသည် တချို့နဲ့တွေ့ဖို့ရာ ဘင်္ဂလားဒေ့ရှ်ထဲ သွားရောက်ကြတာကို သူတို့ သိရှိကြောင်း ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီအဖွဲ့ UNHCR က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အဲဒီ ခရီးစဥ်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူမှုနဲ့ လုပ်ဆောင်နေတဲ့ ဒုက္ခသည် လွှဲပြောင်း ရေး စမ်းသပ် အစီအစဥ်တစ်ခု ဖြစ်ပြီး၊ အဲဒီ ဆွေးနွေးမှုတွေထဲ UNHCR မပါဝင်ဘူးလို့ ထုတ်ပြန်ချက်ထဲ ရေးသား ထားပါတယ်။

Sunday, February 19, 2023

ရိုဟင်ဂျာ ဒုက္ခသည်များအား ရိက္ခာခွဲတမ်း လျှော့ချခြင်းက “ကြီးမားသော အကျိုးဆက်” ဖြစ်လာနိုင်ဟု ကုလသမဂ္ဂ သတိပေး

မဇ္ဈိမ
17 February 2023


ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရိုဟင်ဂျာဒုက္ခသည်များအရေး တုံ့ပြန်မှု ရန်ပုံငွေသို့ ရက် ရက် ရောရော လှူဒါန်းကြပါရန် လူ့အခွင့်အရေးကောင်စီက ခန့်အပ်သော ပညာရှင်များက ကမ္ဘာတစ်လွှားရှိ အလှူရှင်များကို တိုက်တွန်းထားသည်။

“စီစဉ်ထားတဲ့ ရိက္ခာခွဲတမ်း လျှော့ချမှုဟာ ရိုဟင်ဂျာတွေအတွက် အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးနေတဲ့ လုပ်ငန်းစဉ်တွေမှာ ရန်ပုံငွေ ထောက်ပံ့ဖို့ နိုင်ငံတကာအသိုင်းအဝန်းက ပျက်ကွက်နေမှုရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်ပါပဲ”ဟု အထူးကိုယ်စားလှယ်နှစ်ဦးက ထုတ်ပြန်ချက်တွင် ဆိုသည်။ “ရာမဇန်ဥပုသ်ရက် မတိုင်မီ သီတင်းပတ်အနည်းငယ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ခွဲတမ်းကို လျှော့ချတော့မှာ ဖြစ်တယ်၊ ဒါဟာ လက်သင့် ခံလို့ကို မရဘူး”ဟု ယင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

Tuesday, November 29, 2022

ရိုဟင်ဂျာ ဒုက္ခသည်တွေ ယာယီ ခိုလှုံရေး စီစဉ်ပေးဖို့ အာချေး အစိုးရကို တောင်းဆို

VOA
ဗွီအိုအေမြန်မာပိုင်း
၂၉ နိုဝင်ဘာ၊ ၂၀၂၂

Indonesia Rohingya Refugees
 

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း အာချေး ဒေသကို မကြာခင်ရက်ပိုင်း အတွင်း ရောက်လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ အတွက် ယာယီခိုလှုံရေး နေရာတခု စီစဉ်ပေးဖို့ ဗဟို နဲ့ ပြည်နယ်အစိုးရ တို့ကို ဒေသဆိုင်ရာ အကူ အညီပေးရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။ Lhoksukon မြို့ အစိုးရရုံးရဲ့ရှေ့မှာ ဒုက္ခသည် ၁၁၁ ဦး ဟာ ကြာသပတေးနေ့ကတည်းက နေထိုင်နေကြပါတယ်။

Saturday, November 19, 2022

ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ ကျော် ပင်လယ်ထဲ တစ်လကျော် မျောပြီး အင်ဒိုနီးရှားကမ်းခြေမှာ သောင်တင်

မဲခေါင်သတင်း မြန်မာ 
Published: November 16 2022

အင်ဒိုနီးရှားနိုင်ငံ Ache ခရိုင်၊ ပင်လယ်ကမ်းခြေတစ်နေရာမှာ မြန်မာနိုင်င်ငံက ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုးစု ၁၀၀ ကျော် လှေတစ်စင်းနဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က သောင်တင်ရောက်ရှိလာခဲ့ပါတယ်။

Friday, May 27, 2022

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ လွတ်လပ် စွာ သွားလာခွင့် လိုချင်တယ်

RFA
ရဲခေါင် မြင့်မောင် (ဝါရှင်တန်၊ ဒီစီ)
၂၀၂၂.၀၅.၂၇
2022 ခုနှစ် မတ်လ 27 ရက်နေ့တွင် ကွတ်ပလောင်ဒုက္ခသည်စခန်းရှိ ဈေးတစ်ခုတွင် ရိုဟင်ဂျာများကို တွေ့ရစဉ်။
ဓာတ်ပုံ- အေအက်ဖ်ပီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ အာဏာပိုင်များသည် Eid ကာလအတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းများကို ရွှေ့ပြောင်းပေးခဲ့သည်။ ကော့ဘဇားကမ်းရိုးတန်းကို သွားတဲ့ ရိုဟင်ဂျာလူငယ်တချို့ကို မေလ ၄ ရက်နေ့က ဖမ်းဆီးပြီး ဒုက္ခသည်စခန်းတွေကို ပြန်ပို့လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Rafiq al-Islam က မွတ်စလင် Eid al-Adha ၏ အားလပ်ရက် ကာ လအတွင်း နိုင်ငံတွင်း အစည်ကားဆုံး အပန်းဖြေစခန်း တစ်ခုဖြစ်သည့် ကော့ဘဇားရှိ ကမ်းခြေတွင် လုံခြုံ ရေး အကြောင်းပြချက်ဖြင့် ရိုဟင်ဂျာ ၄၅၀ ခန့် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း AFP သို့ ပြောကြားခဲ့သည်။

Tuesday, December 14, 2021

ဖေ့စ်ဘုတ်ကို ရိုဟင်ဂျာဒုက္ခသည်များ တရားစွဲမှု အလား အလာ

VOA
ဗွီအိုအေမြန်မာပိုင်း
ဝင်းမင်း
11 ဒီဇင်ဘာ၊ 2021  

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (ဧပြီ ၁၊ ၂၀၂၀)

 ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တဲ့အထိ အမုန်းတရားတွေ ပြန့်ပွားစေတဲ့ ရေးသားဖော်ပြမှုတွေ၊ သတင်း မှား တွေကို ဖေ့စ်ဘုတ်က ထိထိရောက်ရောက် အရေးယူ မကိုင်တွယ်ခဲ့ဘူးလို့ စွပ်စွဲပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေက Meta ကုမ္ပဏီကို ဒေါ်လာ ၁၅၀ ဘီလျံ လျော်ကြေးပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က တရားစွဲတင်ခဲ့ပါတယ်။ ဒီစွဲဆိုမှုကြောင့် လူအမြောက်အမြား သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပေါ် နည်းပညာကုမ္ပဏီကြီး တခုအတွက် နာမည်ဆိုး ကျန်ခဲ့လိမ့်မယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Wednesday, May 19, 2021

ရိုဟင်ဂျာ ဒုက္ခသည်အရေး အလှုရှင်ညီလာခံ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 မေ၊ 2021

ရိုဟင်ဂျာ ပဋိပက္ခ အတွက် ရေရှည် ခိုင်မြဲမယ့် ဖြေရှင်းချက် ရရှိရေး ဘင်္ဂလားဒေရှ့်က ဦးဆောင်ပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေး အလှူရှင် ညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကနေ Lisa Schlein ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပါမယ်။ 

Link : Here

Monday, October 5, 2020

ဒုက္ခသည်များနေရန်ပြန်ခြင်း မြန်မာစတင်ရေး တရုတ်က တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို။

H2OU
05/10/2020
ဘာသာပြန် 
ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားတွင် ယာယီခိုလှုံနေရသည့် ဒုက္ခသည် ရိုဟင်ဂျာ တို့မှာ အေ ရအတွက် ၁.၁ သန်းခန့်ရှိသည်။ အတင်းအဓမ္မမောင်းထုတ်ခြင်းခံခဲ့ရသူတို့၏ နေရပ်ပြန်ခြင်း စတင်စေရေး၌ မြန်မာနိုင်ငံအား ဆွဲဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရေးအတွက် ဘင်္ဂ လားဒေ့ရှ်က တောင်းဆိုလိုက်သည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

Thursday, September 10, 2020

အာချေးကမ်းခြေရောက်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၀၀ ခန့် ထဲက တဦးသေ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
10 စက်တင်ဘာ၊ 2020  
Ujong Blang ကမ်းခြေကို ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ထဲက သေဆုံးသူကို မြေမြှပ်သဂြုႋဟ်နေစဉ် 
 အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Ujong Blang ကမ်းခြေကို စက်လှေတစီးနဲ့ စက်တင်ဘာလ (၇)ရက် တနင်္လာနေ့ အစောပိုင်းမှာ ရောက်လာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀ နီးပါးထဲက အမျိုးသမီးတဦးဟာ စက်တင်ဘာ ၈ ရက် အင်္ဂါနေ့က ဆေးရုံကို ရောက်ပြီးနောက် ကွယ်လွန် သွားပါတယ်။

Thursday, August 20, 2020

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး အိန္ဒိယကူညီဖို့ ဘင်္ဂလား ဒေ့ရှ်တိုက်တွန်း

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
20 သြဂုတ်၊ 2020  
မှတ်တမ်းဓါတ်ပုံ- ၂၀၁၇ နိုဝင်ဘာတုန်းက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးကိစ္စမှာ အိန္ဒိယနိုင်ငံကလည်း ပူးပေါင်း ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြား ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာန အတွင်းဝန် Masud Bin Momen က ပြောပါတယ်။ ဒါကာမြို့ကို ကြိုတင်စီစဉ် မထားဘဲ ရောက်လာတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Harsh Shringla နဲ့ တွေ့ဆုံအပြီး ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးဌာန အတွင်းဝန် Masud Bin Momen က သတင်းထောက် တွေကို အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */