Showing posts with label နိုင်ငံခြားရေး အတွင်းဝန်. Show all posts
Showing posts with label နိုင်ငံခြားရေး အတွင်းဝန်. Show all posts

Friday, May 3, 2019

အမေရိကန် နိုင်ငံရေးရာဌာနအတွင်းဝန် စစ်တွေသို့ လာရောက်

မဇ္ဈိမ သတင်းဌာန
By မဇ္ဈိမ
03 May 2019
မေ ၃ ။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာနအတွင်းဝန် ဟေးလ်သည် မြန်မာနိုင်ငံခရီး စဉ်အဖြစ် လာရောက်စဉ်အတောအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ ၂ ရက်နေ့က သွားရောက်ခဲ့ သည်။

“ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲများနှင့် မလုံခြုံမှုနှင့် ခွဲခြားဆက်ဆံမှုများ ကို ဖြစ်ပေါ်စေခဲ့သည့် အခြေခံအကြောင်းအရင်းပြဿနာများကိုကိုင်တွယ်ဖြေရှင်းရာ၌အမေရိကန်ပြည်ထောင်စုမှ အကူ အညီပေးနိုင်မည့် နည်လမ်းများကို မေးမြန်းဆွေးနွေးခဲ့သည်” ဟု အမေရိကန်သံရုံးမှ ထုတ် ပြန်ထားသည်။ထိုသို့ သွားရောက်ရာတွင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ အပြင် အောင်မင်္ဂလာရပ်ကွက် နေထိုင်သူများနှင့်ပါ တွေ့ဆုံခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ နိုင်ငံရေးရာ အတွင်းဝန် ဒေးဗစ်ဟေလ်သည် မေလ ၁ ရက်နေ့ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး လာရောက်စဉ် အစိုးရ ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ခေါင်း ဆောင်များနှင့် တွေ့ဆုံသွားမည်ဟု အမေရိကန်သံရုံးက ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

အမေရိကန် နိုင်ငံရေးရာအတွင်းဝန်၏ ခရီးစဉ်သည် ဧပြီ ၂၉ ရက်နေ့မှ မေ ၆ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ကို လာရောက်သည့် ခရီးစဉ် ဖြစ်သည်။

ယင်းအပြင် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ ဒေသဆိုင်ရာအရေးနှင့် အာဆီယံမှ ဦးစားပေးဆောင်ရွက်နေမှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

အတွင်းဝန်သည် မေ ၆ ရက်တွင် ဂျပန်နိုင်ငံသို့သွားရောက်မည်ဖြစ်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေး၊ အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စ ရပ်များကို ဆွေး နွေးသွားမည်ဖြစ်သည်။

Link : Here

Thursday, May 2, 2019

ကန်နိုင်ငံခြားရေးထိပ်တန်းအရာရှိ David Hale ရခိုင်ကိုသွားနိုင်ဖို့ မျှော်လင့်

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
01 မေ၊ 2019 
အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale
 
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ လုံခြုံစွာနေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တာတွေကို သိနိုင်ဖို့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်တွင်း သွားရောက်ခွင့် ပေးဖို့ အမေရိကန် အစိုးရက အင်္ဂါနေ့မှာ တောင်းဆို လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */