" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လိုင်ဇာ. Show all posts
Showing posts with label လိုင်ဇာ. Show all posts

Saturday, October 1, 2022

AA ရဲ့ လာရာလမ်း

ဧရာဝတီ
By နန်းလွင်နှင်းပွင့်
5 June 2019
စစ်ရေး လေ့ကျင့်နေသော AA တပ်ဖွဲ့ဝင် စစ်သမီးများ / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် စံပြဆေးရုံရဲ့ ခွဲစိတ်ခန်းထဲမှာ ဆရာဝန်တယောက် ဇောချွေး ပြန်ပြီး ထူပူနေပါတယ်။

သူဇောချွေး ပြန်လောက်အောင် ထူပူနေတဲ့ ကိစ္စက ခွဲခန်းထဲက လူနာကြောင့် မဟုတ်။ ခွဲခန်း အပြင်ဘက် ဆေး ရုံ ထဲက လူတချို့ကို သူမသင်္ကာ၊ သူ့ကို ဖမ်းဖို့ ရောက်နေတဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး တွေလို့ ထင်နေလို့ပါ။

တောရော မြို့ပါ မကျန် ကိုယ့်အိမ်ထဲ ကိုယ်နေရင်းတောင် နိုင်ငံရေးစကား မပြောရဲခဲ့တဲ့ ခေတ်၊ စစ်အစိုးရ အာ ဏာ ကြီးမားချိန်မှာ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ ဇော်မျိုးသက်က အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ဖို့ စစ်သင် တန်း အတွက် လူသစ်တွေ စုနေခဲ့တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */