Showing posts with label မြန်မာရေတပ်. Show all posts
Showing posts with label မြန်မာရေတပ်. Show all posts

Friday, December 9, 2022

ပင်လယ်ထဲမျောနေသည့် ရိုဟင်ဂျာ ၁၅၄ ဦးကို ဗီယက်နမ် သင်္ဘောက ကယ်တင်ပြီး မြန်မာရေတပ်ထံ လွှဲပြောင်းပေး

DVB
December, 2022

ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်မှာ ရက်ပေါင်းအတော်ကြာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ယောက်ပါတဲ့ လှေကို ဗီယက်နမ်နိုင်ငံက ရေနံတင်သင်္ဘောကုမ္ပဏီတခုက ကယ်တင်ပြီး မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “ဗီယက်နမ်က Haduco ဆိုတဲ့ ရေနံကုမ္ပဏီတွေကို ဝန် ဆောင်မှုပေးတဲ့ သင်္ဘောကုမ္ပဏီက ကယ်လိုက်တယ်လို့ သိရတယ်။ အဲဒီအချိန်အထိကို လှေပေါ်မှာ ဖုန်းအဆက် အသွယ် ရှိနေတာဆိုတော့ သူတို့ကို ကယ်သွားတယ်ဆိုတာကို ပြန်ပြောတယ်ပေါ့။ သင်္ဘောကုမ္ပဏီက သူတို့အစိုးရ ကို အကြောင်းကြားမှာပဲလေ။ ဒါပေမဲ့ နောက်ဆုံး ကျနော်တွေ့လိုက်ရတဲ့ ဗီဒီယိုဖိုင်က သူတို့က မြန်မာစစ်တပ် ဘက် ဒီဒုက္ခသည်တွေကို လွှဲပေးနေတာတွေ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းပင်လယ်ပြင်အနီး မျောပါနေတဲ့ ရိုဟင်ဂျာတစ်ရာ‌ကျော် ကို မြန်မာရေတပ်သွားရောက်ခေါ်ဆောင်

B B C

ဘီဘီစီမြန်မာပိုင်း

2022-12-09

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ အင်ဒိုနီးရှားသွားမယ့်သူတွေလို့ ကနဦးသိရ

မြိတ်မြို့အနောက်တောင်ဘက် ထိုင်းပင်လယ်ပြင်အနီးမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ဦးကို မြန်မာရေတပ်က မနေ့ ဒီဇင်ဘာ ၇ ရက် ညက သွားရောက်ခေါ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်သင်္ဘောပေါ်မှာပဲ ရှိသေးတဲ့အ ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရပါတယ်။

ကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေ့ဌာနက သင်္ဘော နှစ်စင်းက ကနဦးသွားရောက် ကယ်ဆယ်ခဲ့ပြီးမှ မြန်မာရေတပ် ကို သတင်းပို့ခဲ့တာလို့သိရပါတယ်။ 

Tuesday, November 26, 2019

ရသေ့တောင်မြို့အနီး မြန်မာရေတပ်သင်္ဘောတိုက်ခိုက်ခံရ

VOA 
ဗွီအိုအေ (မြန်မာဌာန
ကိုနိုင်ကွန်းအိန်
26 နိုဝင်ဘာ၊ 2019

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး မေယုမြစ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရေတပ်သင်္ဘောကို မနေ့ည နေပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့လို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ မြန်မာရေတပ်သင်္ဘောဘက်က ထိခိုက်မှုရှိတယ်လို့ AA ဘက်ကပြောဆိုနေပေမဲ့ တပ်မတော်ဘက်ကတော့ တစုံတရာ ထိခိုက်မှု မရှိဘူးလို့ဆိုပါတယ်။ တချိန်ထဲမှာ ရသေ့တောင်မြို့နယ်အ တွင်း နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သ တင်းပေးပို့ထားပါတယ်။

Wednesday, August 28, 2019

တောင်တရုတ်ပင်လယ်မှ အမေရိကန်ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာရေတပ်ပါဝင်မည်

ဧရာဝတီ
By မိုးမြင့်
27 August 2019
တပ်ဖွဲ့ဝင် ၁၀၀ သယ်ဆောင်နိုင်သော ကျန်စစ်သား ဖရီးဂိတ်သင်္ဘော F-12  သည် ASEAN-US ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (AUMX) တွင်ပါဝင်ရန် ရန်ကုန်မှထွက်ခွာသွားကြောင်း ဖေ့ဘွတ်တွင်ရေးသားသည်။  

အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း – ASEAN နိုင်ငံ ၇ နိုင်ငံ ရေတပ်များပါဝင်သည့် ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ထိုင်းပင်လယ်ကွေ့သို့ ထွက်ခွာေ နေ ကြာင်း မြန်မာ့တပ်မတော် (ရေ) က တနင်္လာနေ့တွင်ကြေညာသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */