Showing posts with label တိုက်ခိုက်မှု. Show all posts
Showing posts with label တိုက်ခိုက်မှု. Show all posts

Monday, October 13, 2025

မောင်တောတွင် ARSA နှင့် RSO တို့ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

DVB
October 13, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ လိပ်ရခွဆုံအနားမှာ ရိုဟင်ဂျာလက်နက်ကိုင် ARSA နဲ့ RSO အဖွဲ့ဝင် ၁၀ ယောက်က ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Tuesday, June 11, 2024

ARSA တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ သုံးဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

RFA
RFA Burmese
2024.06.11

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတစ်ခုကို ဇွန်လ ၁၀ ရက် မနေ့က အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ ဝင်ရောက်တိုက်ခိုက်တာကြောင့် ရိုဟင်ဂျာ သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ် ရာရခဲ့ပါတယ်။

Saturday, October 23, 2021

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာအုပ်စုနှစ်ခုကြား တိုက်ခိုက်မှု ၆ ဦးထက်မနည်းသေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
22 အောက်တိုဘာ၊ 2021
Bangladesh Rohingya
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသက ဘာလုခါလီ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ အုပ်စုနှစ်စုကြား ဒီကနေ့ တိုက်ခိုက်ကြတာကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရသွားပါ တယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း တိုက်ခိုက်မှု စုံစမ်းဖော် ထုတ်ဖို့ ကုလတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း
23 အောက်တိုဘာ၊ 2021

ကုတုပလောင် ဒုက္ခသည်စခန်းတွင်းမှာ အသတ်ခံရသူ ရိုဟင်ဂျာအရေးခေါင်းဆောင် Mohibullah ရဲ့ဈာပန။ (၀၉ ၊ ၃၀၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ် နို င်ငံက ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာအုပ်စု ၂ ခုကြား တိုက်ခိုက်မှုကြောင့် လူ ၇ ယောက် ထက် မနည်း သေဆုံးခဲ့မှုကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဒုက္ခသည် ၇ ယောက်ထက်မနည်း သေဆုံးပြီး၊ ကလေးတွေ အပါအဝင် ဒဏ်ရာရ သူတွေ ရှိခဲ့တဲ့ သောကြာနေ့က တိုက်ခိုက်မှုမှာ တာဝန်ရှိတဲ့ သူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဒုက္ခသည် များဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ကိုယ်စားလှယ် Johannes Van Der Klaauw က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

Wednesday, January 22, 2020

ရခိုင် အာဆာတိုက်ခိုက်မှု ပြစ်မှုကျူးလွန်သူတွေကို ဘယ်လို အရေးယူနိုင်သလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.22
ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးဖို့ တပ်နဲ့ရဲတပ်ဖွဲ့အကူအညီနဲ့စစ်နိုင်တယ်လို့ဆို

ရခိုင်ပြည်နယ်မှာ အာဆာတိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေမှာ ပါဝင်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်တွေနဲ့အညီ စုံစမ်း စစ်ဆေး၊တရားစွဲဆိုဖို့ ဆောင်ရွက်မယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဇန်နဝါရီ ၂၂ ရက်မှာကြေညာချက်ထုတ် ပြန်လိုက်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေထဲမှာ အာဆာလက်နက်ကိုင်အဖွဲ့တွေနဲ့ အလိုတူ ပူးပေါင်းပါဝင်ခဲ့သူတွေ၊ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေနဲ့ အရပ်သားတွေ ပါဝင်တယ်လို့ ICOE အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူရာမှာ ဥပဒေကြောင်းအရ အချက်သုံး ချက် နဲ့ အရေးယူ ဆောင်ရွက်တာတွေ လုပ်နိုင်ကြောင်းနဲ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝါရင့်တ ရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဘီဘီစီကို အခုလို ပြောပြပါတယ်။


( ၁ ) အရပ်သားတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှု ကျူးလွန်တာတွေရခိုင်မြောက် ပိုင်းဒေသမှာ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ အထူးသဖြင့် အာဆာကို ပြန်လည် နှိမ်နင်းရင်း ဖြစ်ပေါ်လာတွေနဲ့ ပတ်သက်လို့ အရပ်သားတွေက ကျူးလွန်ရင် ရှေ့နေချုပ်ရုံးက ၂၀၀၈ အခြေခံ ဥပဒေအရ အရပ်ဘက် တရားရုံး တွေက အရေးယူဖို့ ရှိတယ်။

အဲဒီလို အရပ်ဘက် ရုံးတွေကို တင်ပို့ရာမှာ ရှေ့နေချုပ်ရုံးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သို့မဟုတ် သူတာဝန်ပေးတဲ့ အဖွဲ့အစည်းတွေကို တာဝန်ပေးပြီး အဲဒီအဖွဲ့တွေရဲ့ အစီရင်ခံစာကို မူတည်ပြီး ရှေ့နေချုပ်ရုံးက အရပ်ဘက် ရုံး တွေမှာ တရားစွဲနိုင်မယ်။

(၂ ) စစ်သားတွေက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေကိုတော့ စစ်ဥပဒေချုပ်ရုံးက စုံစမ်းစစ်ဆေးပြီး တရားစွဲနိုင်မယ်။ စစ်ခုံရုံးနဲ့ပဲ စစ်မယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အတည်ဖြစ် တယ်။ အပြီးအပြတ်ဖြစ်တယ်။

(၃) အာဆာနဲ့ အာဆာနဲ့ ပေါင်းပြီး အရပ်သား ဘင်္ဂါလီတွေက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တော့ ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်။ သို့သော်လည်း စစ်ခုံရုံးက ကူညီရမယ်။

ရှေ့နေချုပ်ရုံးက အလုပ်နှစ်ခု ဖြစ်သွားတယ်။ တစ်ခုက သာမန်အရပ်သားတွေ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ရှေ့နေချုပ်ရုံးက ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးစေပြီး တရားရုံးကို တင်ပို့တာ။

နောက်တစ်ခုက အာဆာကို အားပေးတဲ့ ဘင်္ဂါလီတွေကို စုံစမ်းစစ်ဆေးတာကို ထမ်းဆောင်တာလုပ်နိုင်တယ်။

ဘယ်သူက တရားစွဲမှာလဲ

ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးပြီးရင် တရားလိုအဖြစ် ဆောင်ရွက်မယ့်သူက မြို့နယ်ဥပဒေရုံးတွေက စတင် စွဲတင်တာတွေ ဖြစ်လာနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ပြစ်မှုကြီးတွေကိုတော့ ခရိုင်ဥပဒေရုံးက စွဲမယ်လို့ ပြောပါတယ်။

ရဲစခန်းမှာ လာတိုင်တဲ့ နစ်နာသူတွေဆီကနေလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်နိုင်

ဘယ်ဥပဒေ၊ပုဒ်မတွေနဲ့ အရေးယူနိုင်မလဲ
ကျူးလွန်သူတွေကို အရေးယူရာမှာ အာဆာနဲ့ပတ်သက်တဲ့ အမှုတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ အရေးယူနိုင်တယ်။ အာဆာကို အားပေးသူတွေကိုလည်း အဲဒီ ဥပဒေ ပုဒ်မတွေနဲ့ အရေးယူနိုင်တယ်။

ရိုးရိုးအရပ်သားတွေက သာမန် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လူသတ်မှု၊ အပြင်းထန်နာကျင်စေမှု၊ သာမန် ဒဏ်ရာရစေမှုတို့နဲ့ တခြားရာဇဝတ်ပြစ်မှုတွေနဲ့ အရေးယူနိုင်တယ်။

တရားစီရင်ရေး ဘယ်လောက်ကြာမြင့်နိုင်သလဲ

CMP (Case Management Program - မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်) စီမံချက်ချပြီး ဘယ်နေ့အပြီး၊ ဘယ်လအပြီး စီမံချက်နဲ့ အမှုတွေ စစ်နေတာဖြစ်လို့ အရင်ကလို ကြာမြင့်တာမျိုး မရှိနိုင်ဘူးလို့ ဦးကြီးမြင့်က ပြောပါတယ်။

ကျူးလွန်သူတွေကို ရှေ့နေချုပ်ရုံးက လက်တွေ့ စစ်ဆေးတဲ့အခါ နည်းလမ်း မှန်မှန်ကန်ကန်ဆောင်ရွက်ရင်လွယ် ကူနိုင်တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါ ရဲတပ်ဖွဲ့နဲ့ တပ်မတော်ရဲ့ အကူအညီကို ရယူ ပြီး စစ်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

နစ်နာသူတွေက အမှုဖွင့်တာတွေ ရှိလာနိုင်လို့ ရဲစခန်းကို အမှုလာဖွင့်သူတွေကိုလည်း စစ်ဆေးတာတွေ လုပ်နိုင် တယ်လို့ ပြောပါတယ်။
အာဆာနဲ့ပတ်သက်တဲ့အမှုတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူနိုင်တယ်

ICOE အစီရင်ခံစာကို အစိုးရနဲ့ တပ်ဘယ်လိုဆောင်ရွက်မလဲ

ရခိုင်ပြည်နယ်မှာ ၂၀၁၆-၂၀၁၇ အာဆာတိုက်ခိုက်မှုတွေကို တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တုံ့ပြန်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ အစီရင်ခံစာ အကျဉ်းချုပ် ဇန်နဝါရီ ၂၁ ရက်မှာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ NLD အစိုးရက ၂၀၁၈ မှာ ဖွဲ့ပေးခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) ရဲ့ အဆုံးသတ် အစီရင်ခံစာ အကျဉ်းချုပ်ထွက်လာပြီးနောက် တစ်ရက်မှာ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ကြေညာခဲ့ပါတယ်။

ဒီအစီရင်ခံစာထဲက စစ်ရာဇဝတ်မှုတွေ ဖြစ်ခဲ့နိုင်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကလည်း ဥပ ဒေနဲ့အညီ ဆက်လက်စုံစမ်း စစ်ဆေးသွားမယ်လို့ တုံ့ပြန်ထားပါတယ်။

အခုလို ရှေ့နေချုပ်ရုံးက ကြေညာခဲ့တဲ့ နောက်တစ်ရက် ဇန်နဝါရီ ၂၃ မှာတော့ မြန်မာဟာ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက တရားစွဲဆို ကြားဖြတ်အစီအစဉ်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို နိုင်ငံတကာ တရားရုံး အိုင်စီဂျေက အဆုံးအဖြတ်ချမှတ်မှာပါ။

Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */