" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Saturday, October 24, 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဒုတိယအကြိမ် ၃ ပွင့်ဆိုင်ဆွေး နွေးရေး တရုတ်စီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)


ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆွေးနွေးပွဲ ဒုတိယအကြိမ်ကျင်း ပနိုင်ဖို့အရေး တရုတ် နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာမခံ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေး ဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး United News of India - UNI သတင်းဌာနက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Dr. AK Abdul Momen ကို ကြာ သပတေးနေ့က ညနေပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောရာမှာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေး aကာက်ပွဲ ကျင်းပပြီးနောက်ပိုင်း သုံးပွင့် ဆိုင် ဆွေးနွေးကြဖို့ကို မူအားဖြင့် သဘောတူညီခဲ့ကြ ဖြစ်လို့လည်း ပြောပါတယ်။

Thursday, October 22, 2020

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ရန်ပုံငွေ ဒေါ်လာ ၆၃ သန်း ဗြိတိန်ကူညီမယ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 အောက်တိုဘာ၊ 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Jamtoli ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် တချို့။ (သြဂုတ် ၂၃၊ ၂၀၂၀)
 

မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခ သည် aတွအတွက် ရန်ပုံငွေ အသစ်တရပ် ထောက်ပံ့ပေးသွားမယ်လို့ ဗြိတိန်က ကြာသပတေးနေ့မှာ ကြေညာပါ တယ်။ ဒီဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေ့လျော့မထားကြဖို့လည်း ကုလသမဂ္ဂ ဆွေးနွေးပွဲအတွင်း တခြားအလှုရှင်တွေကို ဗြိတိန်က တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်အပြင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ မကြာခဏ သဘာဝဘေး အန္တရာ ယ်နဲ့ ရင်ဆိုင်နေရတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင် ငံအတွက် အမေရိကန် ဒေါ်လာ ၆၃ သန်း အကူအညီပေးဖို့ လျာထား တယ် လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကပြောပါတယ်။

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab 

Tuesday, October 20, 2020

ရိုဟင်ဂျာ အရေး မြန်မာနိုင်ငံတာဝန်ခံမှု ရှိရမည်ဟု ဘင်္ဂ လား ဒေ့ရှ်ကို နယ်သာလန်ကတိပြု

Myanmar Top News
ဘာသာပြန်
October 20, 2020

နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာ နိုင်ငံကို တာဝန်ခံမှုရှိစေရေး ကတိပြုသည်ဟု နယ်သာလန်နိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုပြောသည်။ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး စတက်ဖ် ဘလော့ကရေးသားသည့်စာ တွင်ပါဝင်ခြင်း ဖြစ်သည်။

Friday, October 16, 2020

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ လူဦးရေစာရင်းသည် တိကျမှန် ကန် သည်ဟု အစိုးရအရာရှိများပြောဆို

H20U
ဘာသာပြန်သတင်း
၂၀၂၀ ခု မောက်တိုဘာလ ၉ ရက် 

ကော့ခ်ဘဇားရောက် ဒုက္ခသည်အရေအတွက်မှာ ၈၆၀,၆၉၇ -ဦးရှိဟု ဘင်္ဂလားဒေ့ရှ် အစိုးရကော်မရှင်နာ မင်း ကြီးပြောဆို။ ၂-နှစ်ခန့်အတွင်း ကလေးပေါင်း ၇၅,၀၀၀ ခန့် မွေးဖွားခဲ့ပြီး ကိန်းဂဏန်းများ ရှေ့နောက်မညီ ဖြစ် ခဲ့၊ ရခိုင်ပြည်နယ်အခြေအနေသည် နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံထားရသော ဒုက္ခသည်များအတွက် အန္တရာယ် ရှိ နေဆဲဖြစ်ဟု နိုင်ငံတကာ ပြောဆို 

ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံလျှက်သော ဒုက္ခသည် ရိုဟင်ဂျာ တို့၏ ယခုနောက်ဆုံး ခန့်မှန်းဦးရေမှာ တိတိကျကျ ဆိုရလျှင် ၈၅၀,၀၀၀ ခန့် ဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်က ၉၅,၀၀၀ နီးပါးဟု ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းမှာ မူ ကနဦးတွက်ချက်ထားခြင်း မရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဒုက္ခသည်များ၊ အကူအညီပေးရေးနှင့် နေ ရပ်ပြန်ရေးဆိုင်ရာ ( RRRC ) တွဲဘက်ကော်မရှင်နာမင်းကြီး မိုဟာမက်ရှာမ်ဆူဒူဇာက ပြောကြားသည်ဟု bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ( Oct.09, 2020 ) ရေးသားသည်။

Tuesday, October 13, 2020

ရိုဟင်ဂျာများနေရပ်ပြန်ရေး ကြန့်ကြာမှုအပေါ် တရုတ်နိုင်ငံ စိုးရိမ်နေ

UNB

2020-10-13


ရိုဟင်ဂျာများ ရခိုင်ပြည်နယ်မှနေရပ်သို့ပြန်မည့် လုပ်ငန်းစဉ်များ အထမမြောက်သေးသည့်အတွက် စိုးရိမ် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျင်မင်းက တနင်္ဂနွေနေ့တွင်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကော့က်စ်ဘဇားရှိဒုက္ခသည်စခန်းများတွင် ဂိုဏ်များနယ်မြေစိုးမိုးရေး တိုက်ပွဲများ ကြောင့် ရိုဟင်ဂျာများနှင့်ဒေသခံ ၈ ယောက်သေဆုံးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများမပြန်ပါက သူ တို့သည် ဒေသလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်နေမည်ဟု မိုမန်ကပြောသည်။

 

Sunday, October 11, 2020

ဒုက္ခသည်ပြန်ပို့ရေး နှောင့်နှေးနေမှုအတွက် မြန်မာအစိုးရ နှင့် နိုင်ငံတကာအဖွဲ့များကို ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် အပြစ်တင်

Frontier
MYANMAR  

JUNE 11, 2019

ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန် ပို့မည့် အစီအစဉ် နှောင့်နှေးနေမှုအတွက် မြန်မာအစိုးရနှင့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများကို ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က ပြစ်တင်ဝေဖန်လိုက်သည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်ပဋိပက္ခများနှင့် စစ်တပ် ၏နှိမ်နင်းမှုများကြောင့် လူပေါင်းသိန်းနှင့်ချီကာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေး သွားကြသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပြောကြားချက်အရ ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည် စခန်းများတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ၇၄၀,၀၀၀ ခန့် ခိုလှုံနေကြသည်ဟုဆိုသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */