" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သန်လျင်. Show all posts
Showing posts with label သန်လျင်. Show all posts

Tuesday, January 3, 2023

သန်လျင်တွင် ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
DVB | 3 January, 2023

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း က စစ်ကောင်စီတပ်နဲ့ ရဲတွေ ဧည့်စာရင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူ တွေဆီက သိရပါတယ်။

ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ဒီနေ့မနက် ၂ နာရီက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဧည့်စာရင်းစစ်ပြီး ဖမ်းတာ၊ အိမ်ငှားနေတဲ့အခန်းမှာ မိတာ၊ အိမ်ရှင်လည်း ထွက်ပြေးနေတယ်။”

သန်လျင်နဲ့ မြောက်ဒဂုံမှာ ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03

သန်လျင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ RFA

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်က နေအိမ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့ညပိုင်းက ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဖမ်းခံရတဲ့အထဲမှာ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၂၅ ဦးနဲ့ အသက် မပြည့်သေးတဲ့ ကလေးငယ် ရှစ် ဦး ပါဝင်ပြီး အားလုံးဟာ အာဟာရမပြည့်ဝတဲ့ပုံစံ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိတာကို တွေ့ခဲ့ရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */