RFA
ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2024.08.06
မောင်တောမြို့နယ် နတ်မြစ်အနီး သေဆုံးသွားသည့် ရုပ်အလောင်းများအနီးတွင် ရိုဟင်ဂျာအမျိုးသမီးအား တွေ့ရစဉ်။ Photo: AFP
ဘင်္ဂလားဒေ့ရှ်မှာ တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲတွေနဲ့ နိုင်ငံရေးအခြေအနေ မတည်မငြိမ် ဖြစ်နေပေမဲ့ မြန်မာဘက် ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲပြင်း ထန်နေတဲ့အတွက် အသက်ဘေးကြုံနေရတဲ့ ရိုဟင်ဂျာတွေဟာ နတ်မြစ်ကိုကူးပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ ကြိုးစားကြရာမှာ သြဂုတ်လ ၅ ရက် တနင်္လာနေ့က ပစ်ခတ်ခံရပြီး လူရာနဲ့ချီ သေဆုံးခဲ့တယ်လို့ အသက်ရှင်ကျန်သူတွေက ပြောပါတယ်။