" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကချင်. Show all posts
Showing posts with label ကချင်. Show all posts

Monday, November 18, 2019

မြန်မာ ခေါင်းဆောင်များကို ICJ မှာ တရားစွဲထားခြင်း ကချင် ထောက်ခံ

KACHIN NEWS GROUP
18th November 2019
လန်ဒန် ဆန္ဒပြပွဲ၊ မေလ ၈၊ ၂၀၁၇

ရိုဟင်ဂျာလူနည်းစုများပေါ် လူမျိူးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာခေါင်းဆောင်များကို ICJ နိုင်ငံ တကာခုံရုံးမှာ ဂမ်ဘီယာနိုင်ငံ တရားစွဲထားခြင်းကို ထောက်ခံကြောင်း ကချင်အမျိုးသားအစည်း အရုံး (KNO) က သတင်းထုတ်ပြန်သည်။

Wednesday, March 20, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီနဲ့ ရခိုင် ငြိမ်းချမ်းရေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-19
ဦးတင်အောင်ခိုင်

နိုင်ငံတော်သမ္မတရုံးထုတ်ပြန်ချက်။

ပြီးခဲ့တဲ့ အပတ်အတွင်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို နိုင်ငံ တော်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ပြီး ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့ရဲ့ ထူးခြားချက်ကတော့ ရခိုင်တိုင်းရင်းသားတွေ တဝက်ကျော်ပါဝင်နေတာပါ။ ဒါပေမယ့် ဒီအဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်ဆောင်ရွက်နိုင်ပါ့မလားဆိုတာ မေးခွန်း ထုတ်နေကြပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် သုံးသပ်တင်ပြထားပါတယ်။


Sunday, February 24, 2019

မြန်မာ့လူ့အခွင့်အရေး EU လေ့လာအကဲခတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဖေဖော်ဝါရီ၊ 2019
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် အကဲ ဖြတ်တဲ့ EU ဥရောပသမဂ္ဂအဖွဲ့တွေရဲ့ မြန်မာပြည် ခရီးစဉ် ပြီးဆုံး သွားပါပြီ။ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိ မြန်မာ ပြည်ကို သွားရောက်လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ ဥရောပ သမဂ္ဂရဲ့ ပြည် ပရေးရာဌာနက အဆင့်မြင့်အရာရှိတွေရဲ့ခရီးစဉ် အဆုံးသတ်ခဲ့ပြီး ဥရောပကိုပြန်ရောက်လာပါပြီ။

Tuesday, February 19, 2019

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019.02.19
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
 
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့အနီးက စစ်ဘေးဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုကော်မတီ KHCC က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆွေးနွေးခဲ့ပါတယ်။

Sunday, February 17, 2019

ကချင်ဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-02-17

ဇန်နဝါရီလ ၁၆ ရက်နေ့ မနေ့ည ၁၂ နာရီဝန်းကျင်မှာ လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသ မိုးမောက်မြို့နယ်အတွင်းမှာရှိတဲ့ ပါကထောင်နဲ့ အင်ခေါင်းပါ ဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။

Tuesday, February 12, 2019

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကချင်ဘာသာရေး ခေါင်းဆောင်တွေ ဦးဆောင်မည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-12
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ IDP စခန်းတွေက စစ်ဘေးဒုက္ခသည်များကို ၂ဝ၁၉ ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြန်လည်ပို့ဆောင်နေစဉ်။


 ရှမ်းမြောက်နဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပြန်လည်နေရာချထားရေးကို ကချင် ခရစ်ယာန် ဘာသာရေး ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကချင်လူသားချင်း စာနာမှုကော်မတီ KHCC က ဦးဆောင်ပြီး လာမယ့်မတ်လမှာ စတင်အကောင်ထည်ဖော်သွားမယ်လို့ KHCC ဥက္ကဌ ဒေါက် တာ ခလမ်ဆမ်ဆွန် က ပြောပါတယ်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ တပ်မတော်၊ KIA တို့နဲ့ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်တယ်လို့ ဒေါက်တာ ခလမ်ဆမ်ဆွန်က RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါလ ၁၀ ရက်နေ့က NRPC က ဦးဇော်ဌေးနဲ့ KHCC က တာဝန်ရှိသူတွေ ရန်ကုန်မြို့မှာ အလွတ် သဘောတွေ့ဆုံပြီး အခုလိုဒုက္ခသည်တွေနေရပ်ပြန်ရေးကို ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

တပ်မတော်နဲ့ KIA နှစ်ဖက်သဘောတူတဲ့နေရာတွေကို ဦးစားပေးပြီး နေရာချထားပေးမှာဖြစ်တယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

အစိုးရထိန်းချုပ်ဧရိယာထဲမှာ ဒုက္ခသည် ၄သောင်းကျော်နဲ့ KIA ထိန်းချုပ်ဧရိယာထဲမှာ ၇သောင်းကျော် စုစုပေါင်း ဒုက္ခသည် တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

Link : Here

Thursday, January 17, 2019

ကချင်နိုင်ငံတော်ထူထောင်ဖို့ ပြည်ပရောက် ကချင် ညီလာခံ ဆုံးဖြတ်

VOA
မိုးဇော်
၁၇ ဇန်နဝါရီ၊ ၂၀၁၉
KNO က ဦးဆောင်ကျင်းပတဲ့ ကချင်လူမျိုးများရဲ့ အမျိုးသား ညီလာခံ (NMG)
 

ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO က ဦးဆောင်ကျင်းပတဲ့ ကချင်လူမျိုးများရဲ့ အမျိုးသား ညီလာခံကနေ ကချင်ပြည်နယ်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံတော် တည်ထောင်ဖို့ဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလို တည်ထောင်နိုင်ဖို့အတွက်လည်း ငြိမ်းချမ်းတဲ့နည်းအရ ဆွေးနွေးသွားမယ်လို့ ဖော်ပြထားပြီး ဒီဆုံးဖြတ်ချက် မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပြည်တွင်း ကချင်နိုင်ငံရေးပါတီတွေရဲ့ သဘောထားတော့ မပါဝင်ပါ ဘူး။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်နိုင်ငံတော် တည်ထောင်ဖို့ သဘောထား ကြေညာချက်ထုတ်

RFA
2019.01.17
ကချင်ပြည်နယ်ကို လွတ်လပ်တဲ့ ကချင်နိုင်ငံတော်အဖြစ် တည်ထောင်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ရက်ကြာ ကျင်းပခဲ့တဲ့ ကချင်တိုင်းရင်းသားတွေက သဘောထား ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Friday, November 21, 2014

သေဆုံးသူ ဗိုလ်လောင်း ၂၃ ဦးထဲမှာ ကေအိုင်အေ တစ်ဦးမှ မပါဝင်

RFA
2014-11-21

ကေအိုင်အို စစ်သင်တန်းကျောင်းက သေဆုံးခဲ့သူ ဗိုလ်လောင်း ၂၃ ဦးဟာ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ မဟုတ်ပဲ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရခိုင်တပ်မတော်၊ ချင်းအမျိုးသား တပ်ဦးနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */