လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ2020-10-10
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အထက်အမိန့်အရ ရိုဟင်ဂျာတွေကို ရာနဲ့ချီပြီး သတ်ဖြတ်ခဲ့ရတယ်လို့ ဝန်ခံထားတဲ့ မြန်မာတပ်သားနှစ်ယောက် ပေါ်ထွက်လာတာကြောင့်၊ လူမျိုးတုံးသတ်ဖြတ်မှု မရှိကြောင်း မြန်မာဘက်က ICJ နိုင်ငံတကာ တရားရုံးမှာ လျှောက်လဲခဲ့တာဟာ မမှန်ကန်ကြောင်း ပြရာရောက်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှား မှုအဖွဲ့ Fortify Rights က ပြောပါတယ်။
ဒီ မြန်မာတပ်သားနှစ်ယောက်ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ Fortify Rights အဖွဲ့ ရဲ့ တည် ထောင်သူ Matthew Smith ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။