မြန်မာအစိုးရအရာရှိတွေနဲ့ စစ်တပ်အရာရှိတွေဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ခါးခါးသီးသီး မုန်းကြတယ်။ တနည်းအားဖြင့်တော့ မုန်းချင်တဲ့ အချိန်မုန်းပြီးသုံးချင်တဲ့အချိန်တုန်းကတော့လည်း သူတို့ချစ်လို့ ကြံ့ခိုင်ရေးပါတီ အမတ်တောင်ခန့်ခဲ့သေးတာကိုလည်း တွေ့ရတယ်။ သူတို့မုန်းတော့မယ်၊ ရိုဟင်ဂျာ ဆန့်ကျင်ရေးကို စစ်ဆင်ရေး တခုလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ ဘင်္ဂါလီလို့ခေါ်ရမယ်လို့ ဦးသိန်းစိန်က အမိန့်ထုတ်လိုက်တယ်။ ဒေါ် အောင် ဆန်းစုကြည်အစိုးရကတော့ အစပိုင်းမှာ မရဲတရဲ ကျွဲပြဲစီးတဲ့ ထုံးစံအတိုင်း ရိုဟင်ဂျာလည်း မခေါ်၊ဘင်္ဂါလီ လည်း မခေါ် ရခိုင်မြောက်ပိုင်းက မွတ်ဆလင်ပဲ ခေါ်မလိုလို လုပ်တယ်။ ကိုဖီအန်နန် အစီရင်ခံစာမှာ အဲသလို သုံး ဖို့ပဲ ညွှန်းတယ်။ ဒါပေမယ့် နိုင်ငံတော် အတိုင်ပင်ခံစာမျက်နှာတွေမှာ ဇော်ဌေးက ဘင်္ဂါလီလို့သုံးတာကို မလွန် ဆန်နိုင်ဘူး။ နောက်ဆုံး အတိုင်ပင်ခံသတင်းထုတ်ပြန်ရေး စာမျက်နှာမှာ အတိုင်ပင်ခံသာပြုတ်သွားတာ တွေ့ရ တယ်။ ဘင်္ဂါလီတော့ မဖြုတ်ဘူး၊ အတိုင်ပင်ခံပဲ ဖြုတ်မယ်ဆိုပြီး အဖြုတ်ခံလိုက်ရလေသလားဆိုတာ ကာယကံ ရှင်တွေ သာ အသိဆုံးဖြစ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇော်ဌေး ဘယ်သူကရာထူးပိုကြီးသလဲလို့ ပြည်သူတွေ ထိုင်စဉ်း စားရတော့မယ့် အခြေအနေပဲ။