Showing posts with label ကျေညာချက်. Show all posts
Showing posts with label ကျေညာချက်. Show all posts

Saturday, October 14, 2023

နိုင်ငံတစ်နိုင်ငံတည်းကို ဦးတည်ပစ်မှတ်ထားသည့် လူ့အခွင့် အရေးယန္တရားများ၏ လက်ခံနိုင်ဖွယ်မရှိသောအပြုအမူများ ကို မြန်မာနိုင်ငံကထောက်ပြ

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်



ဂျီနီဗာမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်မှ အောက်တိုဘာလ ၁၃ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အထောက် အ ထား ခိုင်လုံမှုမရှိဘဲ မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် ဆွေးနွေးပွဲနှစ်ခုပါဝင်ခဲ့သည်။ယင်းတို့မှာမြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Investigative Mechanism for Myanmar – IIMM) ၏ အစီရင်ခံစာနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာ မင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုများဖြစ်ပြီး ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နှင့် ၂၆ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ပြုလုပ်သော ယင်းဆွေးနွေးပွဲများ၏ လုပ်နည်းလုပ်ဟန်များသည် တစ်ဖက်သတ်ဖြစ်နေပြီး သက်ဆိုင်သည့်နိုင်ငံထံမှ ပူးပေါင်းဆောင်ရွက်မှုမရရှိဘဲ မြန်မာနိုင်ငံ၏မျက်ကွယ်တွင် ကျင်းပခဲ့မှုကြောင့်ပို၍ပင်တစ်ဘက်စောင်း နင်းဖြစ်ခဲ့သည်။

Wednesday, January 22, 2020

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန
‌နေပြည်တော် 
JANUARY 22, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုရှေ့နေချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်)



လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

 
၁။ နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိ ကြောင်း စွပ်စွဲ ချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) ကို ဖွဲ့စည်းခဲ့ပါသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */