Showing posts with label ဦးကိုနီ. Show all posts
Showing posts with label ဦးကိုနီ. Show all posts

Wednesday, February 20, 2019

ရှေ့နေဦးကိုနီလုပ်ကြံခံရမှု တရားရုံးဆုံးဖြတ်ချက် လုံ လောက်ခြင်းမရှိဘူးလို့ HRW ဝေဖန်

RFA
လွတ်လပ်တဲ့ အာရှအသံ

HRW အာရှတိုက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး Phil Robertson။

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ လုံလောက်ခြင်း မရှိဘူးလို့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ HRW ရဲ့ အာရှတိုက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး Phil Robertson က RFA ကို ပြောလိုက်ပါတယ်။

Friday, February 1, 2019

ဦးကိုနီလုပ်ကြံခံရမှု ဖေဖေါ်ဝါရီ ၁၅ စီရင်ချက် ချမည်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု နောက်ဆုံးအကြိမ် ကြားနာစစ်ဆေးရာသို့ တရားစွဲခံထားရသူများကို ရုံးထုတ်လာစဉ်။ (မေခ/ဖေဖော်ဝါရီ ၁၊ ၂၀၁၉)

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ နောက်ဆုံး စီရင်ချက် ချမှတ်တော့မှာဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြောက် ပိုင်း ခရိုင်တရားရုံး တရားခွင်မှာ နှစ်ဘက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက် ပေးပြီး တဲ့နောက် နောက်ဆုံးစီရင်ချက် ချမယ့်နေ့ကို တရားသူကြီးက ကြေညာလိုက်တာ ဖြစ်ပါ တယ်။ ဒီအကြောင်း တရားခွင်ကို ကိုယ်တိုင်သွားပြီး သတင်းယူ ခဲ့တဲ့ ဗွီအိုအေမြန်မာ ပိုင်း သတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */