" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စားနပ်ရိက္ခာ ထောက်ပံ့မှု. Show all posts
Showing posts with label စားနပ်ရိက္ခာ ထောက်ပံ့မှု. Show all posts

Wednesday, May 24, 2023

ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို WFP က ထပ်မံ လျှော့ချမည်

မဇ္စျိမ
AFP
23 May 2023

ငွေကြေးထောက်ပံ့မှု မရရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်သော ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခန့်အတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုကို သုံးလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံ လျှော့ ချဖြတ်တောက်ရလိမ့်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီက မေ ၂၂ ရက်တွင် ပြော သည်။

ရိုဟင်ဂျာများအတွက် တစ်လလျှင် လူတစ်ဦးကို ၁၀ ဒေါ်လာနှင့် ညီမျှသည့် စားနပ်ရိက္ခာများ ခွဲဝေထောက်ပံ့ပေး နေရာမှ ယခုအခါ ဇွန်လ ၁ ရက်မှစပြီး လူတစ်ဦးကို ရှစ်ဒေါ်လာနှင့် ညီမျှသည့် ပမာဏဖြင့်သာ လျှော့ချ ထောက် ပံ့ရတော့မည် ဖြစ်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ပြောရေးဆိုခွင့်ရှိသူ ကွန်လီက အေအက်ဖ် ပီကို အီးမေးလ်မှတစ်ဆင့် ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */