" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Tags စစ်ကိုင်းတိုင်း. Show all posts
Showing posts with label Tags စစ်ကိုင်းတိုင်း. Show all posts

Tuesday, December 12, 2023

ပုလဲမြို့နယ် NUG တရားရုံး ဗုံးကြဲခံရ၊ တရားသူကြီးအပါ အဝင် ၆ ဦး သေဆုံး

Myanmar Now
မောင်ရွှေဝါ , လင်းထင်
December 12, 2023
 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို စစ်ကောင်စီလေတပ်က ယနေ့ (ဒီဇင်ဘာ ၁၂) မွန်း တည့် ချိန် တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြို့နယ်တ ရား သူ ကြီး အပါအဝင် ၆ ဦး သေဆုံး၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရသည်ဟု သိရသည်။

ယောဒေသနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအနောက်တောင်ဘက်ခြမ်းရှိ ထိုရွာတွင် အခြေစိုက် သော မြို့နယ်တရားရုံးကို ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်တရားရေးတာဝန်ရှိ သူတစ်ဦး နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးဇော်ထက်တို့ထံမှ သိရ သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */