Showing posts with label ဘင်္ဂလားဒေရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေရှ်. Show all posts

Saturday, October 3, 2020

ကိုဗစ် ဒုတိယလှိုင်း ဘင်္ဂလားဒေ့ရှ်ပြန်တွေဆီက အစပြုသ လား

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
 မိုးမြင့်
2020-10-02
ရန်ကုန်မြို့က ကိုဗစ်-၁၉ သံသယလူနာများအား စောင့်ကြည့်ရေးစခန်းများကို ပို့ဆောင်ပေးနေကြသော PPE ကာကွယ်ရေးဝတ်စုံပြည့် ဝတ်ဆင်ထားသည့် စေတနာ့ဝန်ထမ်းများ။Photo: AFP


 ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်လာတဲ့ နေရပ်ပြန်လာသူတွေဆီကနေ အစပြုတာ ဖြစ်နိုင်ခြေများကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင် ကြီး က RFA ကိုပြောပါတယ်။

Wednesday, July 29, 2020

ရိုဟင်ဂျာစခန်းတွင်း ရေဘေးအရေးပေါ်ကာကွယ်မှု ဆောင်ရွက်နေ

VOA
 ဗွီအိုအေ (မြန်မာဌာန)
28 ဇူလိုင်၊ 2020
မဆုမွန်
 ၂၀၁၈ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၄၊ ၂၀၁၈)

မုတ်သုန်ရာသီချိန် မိုးများရေကြီးပြီး လူသန်းချီ ရေဘေးသင့်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ camp တွေထဲ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နေတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် မဆုမွန်က တင်ပြပေးပါမယ်။

Tuesday, June 9, 2020

လှေစီးပြေး ရိုဟင်ဂျာတွေ ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်ကို မလေးရှားတောင်းဆိုမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 ဇွန်၊ 2020
မလေးရှားနိုင်ငံကို ဝင်ဖို့ ကြိုးစားကြတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တချို့။ (မေ ၀၂၊ ၂၀၂၀) 

မလေးရှား ရေပိုင်နက်အတွင်း စက်လှေတစ်စင်းနဲ့ ဝင်ရောက်လာရာက ထိန်းသိမ်းခံနေရတဲ့ ရိုဟင်ဂျာ ၃၀၀ လောက်ကို ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုသွားမယ်လို့ မလေးရှား ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob က အင်္ဂါနေ့က ပြောပါတယ်။

နယ်စပ်က တရားမဝင် ဝင်လာသူတွေကြောင့် ကပ်ရောဂါ ကူးစက်မှာ ရခိုင်ဒေသခံတွေစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
08 ဇွန်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင်အတွင်းက ဒုက္ခသည်စခန်းတခုမှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့။ (ဧပြီ ၀၈၊ ၂၀၁၉)

COVID-19 ရောဂါဖြစ်ပွားနေဆဲကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ် မောင် တောမြို့နယ်ဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့သူတွေကြောင့် ဒေသခံတွေ စိုးရိမ် နေရတဲ့ အခြေအနေအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါ မယ်။
                                                                            

Tuesday, May 26, 2020

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်အ တည်ပြုလူနာ ၂၉ ဦးရှိ

VOA 
ဗွီအိုအေ (  မြန်မာဌာန )
26 မေ၊ 2020  
ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည် ပြု လူနာ ၂၉ ဦးထိ ရှိနေပြီး ဒုက္ခသည် ၁၅,၀၀၀ လောက်ကို သီးခြားခွဲခြား စောင့်ကြည့် နေကြောင်း အစိုးရ တာဝန်ရှိသူတွေက တနလာၤနေ့မှာ ပြောပါတယ်။

Wednesday, May 20, 2020

Amphan မုန်တိုင်းကြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ကုန်း တွင်းပိုင်း စတင်ဝင်ရောက်

VOA 
ဗွီအိုအေ (မြန်မာဌာန)
20 မေ၊ 2020
ကိုမိုးဇော်
အိန္ဒိယနိုင်ငံအရှေ့ပိုင်း Orissa ပြည်နယ် Bhadrak မှာ Amphan ဆိုင်ကလုန်း မုန်တိုင်းမတိုက်ခတ်စဉ် မိုးစတင်ရွာသွန်းနေတဲ့ မြင်ကွင်း (မေ ၂၀၊ ၂၀၂၀)

Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ ညနေ ၃ နာရီခွဲလာက်မှာ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်နေပြီး မုန်တိုင်းဗဟိုကုန်းတွင်းပိုင်းကို ဖြတ်သန်းတဲ့ နောက်ပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့ မုန်တိုင်းကနေ အားလျော့ကျသွားဖွယ်ရှိပေမဲ့ ကုန်းတွင်းပိုင်း မုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေနိုင်တဲ့ သတင်းကို ဗွီအို အေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

Wednesday, March 4, 2020

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေအတွက် အီးယူ ယူရို ၃၁ သန်းလှူ

VOA
 ဗွီအိုအေ (မြန်မာဌာန)
04 မတ်၊ 2020 
ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရေး အတွက် လူသားချင်း စာနာမှု အထောက်အပံ့ အဖြစ် ဥရောပ ကော်မရှင်က ယူရို ၃၁ သန်း ပေးအပ်ပါတယ်။ 

ရိုဟင်ဂျာ ပြသနာဟာ ၃ နှစ်အတွင်းကို ရောက်လာပြီး ရှင်သန်ရပ်တည်ရေးအတွက် လူသားချင်းစာနာမှုအထောက် အပံ့တွေ အပေါ် မှီခိုနေရဆဲ ဖြစ်သူတွေ အပေါ် ဆက်လက် ထောက်ပံံ့ပေးဖို့ ပိုပြီး အရေးကြီး လာတယ်လို့လည်း ပဋိပက္ခ စီမံခန့်ခွဲမှု ဆိုင်ရာ မဟာမင်းကြီး Janez Lenarčič က ကြေညာချက်မှာ ပြောဆို ထားပါတယ်။မြန်မာအစိုးရ ဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

Friday, November 8, 2019

ဘင်္ဂလားဒေ့ရ်ှကန့်ကွက်လို့ အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံ များ အဖွဲ့မှာ မြန်မာပါခွင့်မရ

BAMAKHIT
DKae KHIT
November 8' 2019
  အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများအဖွဲ့ (IORA) ၂၁ ကြိမ်မြောက်အစည်းအဝေး။

အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများအဖွဲ့ (IORA) မှာအဖွဲ့ဝင်အဖြစ်ပါဝင်ဖို့မြန်မာနိုင်ငံကလျှောက်ထားတာ ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ကန့်ကွက်တဲ့အတွက်ကြောင့် အဖွဲ့က ငြင်းပယ်လိုက်ပါတယ်။

IORA ဝင်ဖို့ မြန်မာလျှောက်ထားမှု ဘင်္ဂလားကန့်ကွက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 နိုဝင်ဘာ၊ 2019 
IORA အမှတ်တံဆိပ်
 
 အဖွဲ့ဝင် ၂၂ နိုင်ငံနဲ့ ဆွေးနွေးဖက်နိုင်ငံ ၉ နိုင်ငံ ပါဝင်တဲ့ IORA အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံရဲ့ လျှောက်ထားချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ ပါ တယ်။

Wednesday, September 25, 2019

ရိုဟင်ဂျာအရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အချက်သုံးချက် သဘောတူ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-09-24
 နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်မိုမင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာဘာဂနာတို့အား ၂ဝ၁၉ စက်တင်ဘာလ ၂၃ ရက်နေ့ နယူးယောက်မြို့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်။
                                   

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဦးဆောင်ပြီး မြန်မာ နဲ့ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိတွေ မနေ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးရာမှာ သဘောတူညီချက် သုံးချက် ရရှိခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ထုတ်ပြန်ပါတယ်။ 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */