Showing posts with label အထောက်အထားမဲ့. Show all posts
Showing posts with label အထောက်အထားမဲ့. Show all posts

Thursday, December 21, 2023

အထောက်အထားမဲ့ မြန်မာ ၅၀ ကျော်ကို မလေးရှားအထူး တပ်ဖွဲ့ ဖမ်းဆီး

RFA
စန်းမော်အောင်(ဝါရှင်တန်ဒီစီ)
2023.12.21 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များကို တွေ့ရစဉ်။ Citizen Journalist 
 

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကိုတာရာယာမှာရှိတဲ့ ဈေးဆိုင်တန်းတွေကို အာဏာပိုင်တွေ အပါအဝင် အထူးရဲ တပ်ဖွဲ့ဝင် တစ်ထောင်ကျော်က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အော်ပရာစီလို့ခေါ်တဲ့ ရှောင်တစ်ခင် ဝင်ရောက်ဖမ်း ဆီး ချိန်မှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်သူ ငါးရာကျော် ဖမ်းဆီးခံခဲ့ရပြီး ဒီထဲ မြန်မာနိုင်ငံသား ၅၀ ကျော် ပါ ဝင်ပါတယ်။

ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ရိုဟင်ဂျာ ၆၀ နီးပါး ဖမ်းဆီးခံရ

VOA
၂၁ ဒီဇင်ဘာ၊ ၂၀၂၃

ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung ဖတ်ထလုံးခရိုင် ဖနွန်ဝမ်မြို့နယ်ထဲက အာရှအဝေးပြေးလမ်းမကြီးပေါ်မှာ အ ရှိန်ပြင်းပြင်းမောင်းနှင်လာနေတဲ့ ပစ်ကပ်ကားငယ် ၃ စီးပေါ်ကနေ ရိုဟင်ဂျာ ၆၀ နီးပါးကို ထိုင်းရဲတွေဖမ်း ဆီး ရမိ တယ်လို့ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Link : Here

Tuesday, January 10, 2023

‘အထောက်အထားမဲ့’ ခရီးသွားလာခြင်းကြောင့် ရိုဟင်ဂျာ ၁၀၀ ကျော်ကို ထောင်ချ 

မဇျ္စိမ
AFP
10 January 2023

“တရားဝင် အထောက်အထားများ” မပါရှိဘဲ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ကြိုးစားခြင်းကြောင့် ကလေးတစ် ဒါဇင်အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦးကို ထောင်ဒဏ် နှစ်နှစ်မှ ငါးနှစ်အထိ မြန်မာအာဏာပိုင်များက ပြစ်ဒဏ်ချမှတ် ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ဖော်ပြသည်။

အဆိုပါ အုပ်စုကို ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်လက ဖမ်းဆီးမိခြင်းဖြစ်ပြီး ဇန်နဝါရီ ၆ ရက်တွင် ပြစ်ဒဏ်ချခြင်း ဖြစ်သည်ဟု ဌာနေရဲတပ်ဖွဲ့ကို ကိုးကားပြီး Global New Light of Myanmar သတင်းက ဖော်ပြသည်။

ကလေးများကို စီးပွားရေးအချက်အချာ ရန်ကုန်အနီးက “လူငယ်လေ့ကျင့်သင်ကြားရေးကျောင်း” သို့ ဇန်နဝါရီ ၈ ရက် လွှဲအပ်ခဲ့ကြောင်း နောက်ထပ် အသေးစိတ်မဆိုဘဲ ယင်းသတင်းစာက ဖော်ပြသည်။

Tuesday, January 12, 2021

ရန်ကုန်မြို့ပေါ် အထောက်အထားမဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီး မိ

VOA 
ဗွီအိုအေ (မြန်မာဌာန)
မေခ
11 ဇန်နဝါရီ၊ 2021 
အထောက်အထားမဲ့ ရိုဟင်ဂျာ ၆ ယောက်ကို ရန်ကုန်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဒေါက်တာကျော်စွာဦး ဖေ့ဘုတ် - ဇန်နဝါရီ ၁၁၊ ၂၀၂၁)
 
ရခိုင်ပြည်နယ်ကနေ တရားဝင်ခွင့်ပြုချက် အထောက်အထားမရှိဘဲ ရောက်လာသူတွေအဖြစ် ရိုဟင်ဂျာ နောက် ထပ် ၆ ယောက်ကို ရန်ကုန်မြို့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သ တင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

Thursday, January 7, 2021

ရွှေပြည်သာတွင် ဖမ်းမိသည့် အထောက်အထားမဲ့ ၉၉ ဦးမှ ၅ ဦးတွင် ကိုဗစ်ပိုးတွေ့

ဧရာဝတီ
ထွန်းထွန်း 
7 January 2021

ရွှေပြည်သာမြို့တွင် ဖမ်းမိခဲ့သူများ / ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့က ဖမ်းမိခဲ့သည့် အထောက်အထားမဲ့ဝင်လာသူ ၉၉ ဦးထဲမှ အမျိုးသမီး ၅ ဦးတွင် ကိုဗစ် ရောဂါပိုးတွေ့ရှိရကြောင်း ရွှေပြည်သာမြို့နယ်၊ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းက ပြောသည်။

Monday, January 4, 2021

ချောင်းသာကမ်းခြေမှာ နိုင်ငံသားအထောက်အထားမဲ့သူ ၇ ဦးဖမ်းမိ

VOM

ဇန်နဝါရီ ၄-၂၀၂၁
ကိုအောင်(VOM)
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဒီကနေ့မနက်အစောပိုင်းက ရခိုင်ပြည်နယ်ကနေ ဝင် ရောက် လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၇ ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

ချောင်းသာ ပင်လယ်ပြင်မှာ နိုင်ငံသားအထောက်အထား မဲ့သူတွေ ဖမ်းမိ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
စိုးသိမ်း
2021-01-04

 

ချောင်းသာကမ်းခြေ ပင်လယ်ပြင်မှာ ဇန်နဝါရီလ ၄ ရက်နေ့ မနက်တစ်နာရီလောက်မှာ နိုင်ငံသား အထောက်  အထားမဲ့သူ ခုနှစ်ဦးနဲ့ လှေသမား ငါးဦးကို ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိတယ်လို့ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ က RFA ကို ပြောပါတယ်။

Tuesday, March 10, 2020

အထောက်အထားမဲ့ဝင်ရောက်သူ ၁၅ ဦးကို မကွေးတိုင်း ဒေသကြီးအတွင်း ဖမ်းမိ

မြန်မာတိုင်းမ်အပတ်စဉ်
တိုးဝေအောင်
 10 MAR 2020
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

မကွေးတိုင်းဒေသကြီးအတွင်း အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း ယနေ့မတ်လ ၁၀ ရက်တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */