Showing posts with label နတ်မြစ်. Show all posts
Showing posts with label နတ်မြစ်. Show all posts

Sunday, November 9, 2025

နတ်မြစ်၏ နှစ်ဖက်မျက်နှာစာ

DMG
09 Nov 2025 

လပြည်ဦး - ရေးသည် 

နေ့စဉ်နဲ့အမျှ ရွှေရောင်နေရောင်ခြည်က လင်းလက်တောက်ပနေတတ်ပေမဲ့ အဲ့ဒီရဲ့ နောက်ကွယ်မှာတော့ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ တင်းမာမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေက နယ်စပ်နေပြည်သူတွေရဲ့ ဘဝကို ဖိစီးထားပါတယ်။

လှပရှည်လျားတဲ့ နတ်မြစ်ဟာ အာရက္ခဒေသ၊ မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ (ကယုချောင်း) မြို့တို့ကို ပိုင်းခြားထားပါတယ်။ နေ့စဉ်နဲ့အမျှ ရွှေရောင်နေရောင်ခြည်က လင်းလက်တောက်ပနေတတ်ပေမဲ့ အဲ့ဒီရဲ့ နောက်ကွယ်မှာတော့ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ တင်းမာမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေက နယ်စပ်နေပြည်သူတွေရဲ့ ဘဝကို ဖိစီးထားပါတယ်။ ဒီဆောင်းပါးမှာ လှပတဲ့နတ်မြစ်ရဲ့ ပုံရိပ်အောက်က ခါးသီးတဲ့ အဖြစ်မှန်တွေကို လေးနက်စွာ ဖော်ပြသွားမှာဖြစ်ပါတယ်။

Saturday, October 18, 2025

နတ်မြစ်ပေါ်ရှိ Keura သစ်တောတွင် ရိုဟင်ဂျာလူငယ်အလောင်းကို တွေ့ရှိ

Teknaf
သောကြာနေ့၊ အောက်တိုဘာလ 17 ရက်၊ 2025
Nasir Uddin Raj၊ 

ကော့ဘဇာခရိုင် Teknaf မှာရှိတဲ့ နတ်မြစ်မှာ Hnila Chowdhury Para ရဲ့ Kewra Bagan တောင်ပိုင်း နတ်မြစ်ထဲမှာ ရိုဟင်ဂျာလူငယ်တဦးရဲ့ အလောင်းဟာ လဲလျောင်းနေပါတယ်။ သူသည် Mohammad Ayash (34) နှစ်ဖြစ်ပြီး Ershad Ullah Block တွင်နေထိုင်သူ Mohammad Hoshon ၏သား၊ H4 ၏ Ukhia Camp 12 ၏ Head Boatman ဖြစ်သည်။ သောကြာ (အောက်တိုဘာ 17) ညပိုင်းတွင် သေဆုံးသူ၏အစ်ကို Mohammad Rafiq က အဆိုပါကိစ္စကို အတည်ပြုခဲ့သည်။

Tuesday, March 25, 2025

နတ်မြစ်တွင် စက်လှေ ၁ စီး နစ်မြုပ်ပြီး ရိုဟင်ဂျာ ၁၀ ဦးနှင့် BGB တပ်ဖွဲ့ဝင် ၁ ဦး ပျောက်ဆုံးနေ

DVB
March 24, 2025 

Photo : RK News Desk၊ Courtesy

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်မြို့နယ်ဘက်ကို တိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာ စက်လှေတစီးဟာ မတ် ၂၂ ရက် အစောပိုင်းက နတ်မြတ်အတွင်း နစ်မြုပ်ခဲ့ပြီး စက်လှေပေါ် ပါလာတဲ့ ရိုဟင်ဂျာ ၁၀ ယောက်နဲ့ ကယ်ဆယ်ရေးပြုလုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် (BGB) တပ်ဖွဲ့ဝင်တယောက် ပျောက်ဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေမှာ ရေးကြပါတယ်။

Tuesday, September 24, 2024

နတ်မြစ်အတွင်း စက်လှေမြုပ်လို့ ရိုဟင်ဂျာ ၁၀ ဦး သေဆုံး

RFA
RFA Burmese
2024.09.24

 နတ်မြစ်အနီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။

Sunday, August 25, 2024

ရိုဟင်ဂျာတွေ မြန်မာက ထွက်ပြေးရတဲ့နှစ်ပတ်လည် ကော့ဆက်ဘဇားမှာပြုလုပ်

BBC
၂၅ သြဂုတ် ၂၀၂၄, 

ရခိုင်ပြည်နယ်ထဲ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရတဲ့သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေဟာ အဲဒီဖြစ်ရပ် ၇ နှစ်ပြည့်နှစ်ပတ်လည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားခရိုင်ထဲက ဒုက္ခသည် စခန်းတွေထဲမှာ ဒီနေ့ ပြုလုပ်နေပါတယ်။

Tuesday, August 6, 2024

နတ်မြစ်အနီး ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂ဝဝ ကျော် ရှော့တိုက်ဒုံးအပစ်ခံရပြီး သေဆုံး

RFA
ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2024.08.06 

မောင်တောမြို့နယ် နတ်မြစ်အနီး သေဆုံးသွားသည့် ရုပ်အလောင်းများအနီးတွင် ရိုဟင်ဂျာအမျိုးသမီးအား တွေ့ရစဉ်။ Photo: AFP

ဘင်္ဂလားဒေ့ရှ်မှာ တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲတွေနဲ့ နိုင်ငံရေးအခြေအနေ မတည်မငြိမ် ဖြစ်နေပေမဲ့ မြန်မာဘက် ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲပြင်း ထန်နေတဲ့အတွက် အသက်ဘေးကြုံနေရတဲ့ ရိုဟင်ဂျာတွေဟာ နတ်မြစ်ကိုကူးပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ ကြိုးစားကြရာမှာ သြဂုတ်လ ၅ ရက် တနင်္လာနေ့က ပစ်ခတ်ခံရပြီး လူရာနဲ့ချီ သေဆုံးခဲ့တယ်လို့ အသက်ရှင်ကျန်သူတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */