" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဦးအောင်သူငြိမ်း. Show all posts
Showing posts with label ဦးအောင်သူငြိမ်း. Show all posts

Sunday, September 27, 2020

"ကျွန်တော်မြင်တာက ဒါက လူမျိုးရေးမဲဆွယ်မှုမြောက် တယ်ဗျ"

TheVoiceWeekly Journal
By ရဲနိုင်ဦး
27 September 2020
 မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့(ISP-MYANMAR) ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းနှင့် ဆက်သွယ်မေးမြန်းခြင်း။

ရွေးကောက်ပွဲတွင် နိုင်ငံရေးဝါဒအစုံကိုင်စွဲကာ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ကြပြီဖြစ်သည်။ မဲဆွယ် ရေးကာလတွင် ၎င်းတို့ရပ်တည်သည့် ဝါဒအထိုင်ပေါ်မှ မဲဆွယ်ခြင်းများကိုလည်း တွေ့မြင်လာရသည်။ အ စဉ် အလာအရဖြစ်သော အမျိုးသားရေးကို ကိုင်စွဲကာ မဲဆွယ်မှုများရှိသကဲ့သို့ ဒီမိုကရက်တစ်စံနှုန်းများကို အခြေပြု မဲဆွယ်ခြင်းလည်းရှိနေပြန်သည်။ ဘာသာရေး၊ လူမျိုးရေးကို စည်းကို ပါးနပ်စွာဖြတ်ကျော်၍ မဲ ဆွယ် မှုများကိုလည်း တွေ့မြင်နေရသည်ဖြစ်ရာ မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက်လေ့လာသူများ၏ သဘော ထားအမြင်များကို The Voice Journal က မေးမြန်းတင်ဆက်ထားခြင်းဖြစ်သည်။

Friday, November 29, 2019

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ ကိုသွားရောက်ဖြေ ရှင်းမှုသည် ကောင်းမွန်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူတချို့ သုံးသပ်

ONE NEWS
By အေးစုမွန်
28/11/2019
International court of Justice (ICJ) ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းတာဟာ ကောင်းမွန်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတချို့ကသုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ တ ကာ တရားရုံးမှာ အမှုဖြစ်အကြောင်းအရာကို ရှင်းပြမှာဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာကို ထောက်ပြပြောဆို မယ့် ဥပဒေ ပညာရှင်တွေလည်းရှိတယ်လို့ ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင် အောင် က ပြောပါတယ်။ "ဥပဒေနားလည်တဲ့သူတွေက ဥပဒေပိုင်းဆိုင်ရာကို ထောက်ပြလိမ့်မယ်။ အမေ စုက အမှုဖြစ် အကြောင်းအရာကို ကောင်းကောင်းမွန်မွန် ရှင်းပြနိုင်တယ်။ သူကိုယ်တိုင်သွားတာက အင်မ တန် မှ သင့်တော်တယ်လို့ မြင်တယ်" လို့ ဦးတင်အောင်က ပြောပါတယ်။

Monday, October 28, 2019

နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး(ICC)အကြောင်း

ညီမျှခြင်း မြန်မာ
ရေးသားသူ – ဦးအောင်မျိုးမင်း (Equality Myanmar)

International Criminal Court (ICC) နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးအသံတွေ မြန်မာပြည်မှာ ညံလာတယ်ဆိုတော့ လေ့လာထားတာလေးတွေ တချို့ကို မျှဝေပေးလိုက်ပါတယ်…

ဒီဆောင်းပါးမှာတော့ ICC ဆိုတာ ဘာလဲ.. ဘယ်လိုပေါ်ပေါက်လာလဲကို မိတ်ဆက်တင်ပြထားပါတယ်.. နောက်ပိုင်း မှာတော့ ICC မှာ လက်ခံတိုင်ကြားနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်နေတာတွေကို ရေးသွားပါမယ်..
----------------------------------------

International Criminal Court (ICC) နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး အသံတွေ မြန်မာပြည်မှာ ညံလာတယ်ဆိုတော့ လေ့လာထားတာလေးတွေ တချို့ကို မျှဝေပေးလိုက်ပါတယ်။

Monday, November 5, 2018

မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံတကာဖိအားများ

RFA 
လွတ်လပ်တဲ့ အာရှအသံ
(နန္ဒာချမ်း)
2018-11-05

ရိုဟင်ဂျာအရေး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေဟာ ဒီမိုကရေစီရေး၊ ပြည်တွင်း ငြိမ်း ချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အစိုးရရဲ့ကြိုးပမ်းမှုတွေမှာ အထောက်အကူ ဖြစ် စေနိုင်သလား။ နိုင်ငံတကာဖိအားတွေကြောင့် တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ပြောင်းလဲလာဖို့ တွန်း အားတွေ ဖြစ်လာမလားဆိုတဲ့အပေါ် မြန်မာ့အရေး အကဲခတ်သူတွေရဲ့ အမြင်တွေကို မေးမြန်းပြီး RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။




■ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဝေဖန်သံတွေ အတော်လေး အရှိန် မြင့် လာနေပါတယ်။ ပြီးခဲ့တဲ့တပတ်ကပဲ EU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကနေ ပြန်သွားပြီး နာက်ပိုင်း… နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်မှုတွေကို NLD အစိုးရက မဖြေရှင်းနိုင်ဘူးဆိုရင် ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */