Showing posts with label စစ်ဘေးဒုက္ခသည်. Show all posts
Showing posts with label စစ်ဘေးဒုက္ခသည်. Show all posts

Monday, August 5, 2019

မင်းပြားမှာ စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် ရှိနေ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-05
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြေပုံကို တွေ့ရစဉ်

Photo: Google Map
                                     

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီလဆန်းကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ငါးထောင်ခန့် ရှိနေသလို တိုက်ပွဲကြား ပိတ်မိနေတဲ့ ရွာ ၁၀ ရွာခန့် ရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

Sunday, June 30, 2019

တပ်မတော်စစ်ကြောင်းဝင်လာ၍ မင်းပြားမြို့နယ် မင်းဖူးကျေးရွာသားများ စိုးရိမ်နေ

DVB
By ဒီဗွီဘီ
30 June 2019

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မင်းဖူးကျေးရွာကို ဒီကနေ့ မနက် ပိုင်း ၁၀ နာရီဝန်းကျင် လောက်က တပ်မေ တာ်စစ်ကြောင်းတခုဝင်လာတာကြောင့် ကျေးရွာသားတွေက စိုးရိမ်ထိတ်လန့် နေကြတယ်လို့ ကျေးရွာသား တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီဗွီဘီကိုပြောပါတယ်။

Saturday, April 27, 2019

စားနပ်ရိက္ခာကန့်သတ်ခံရတဲ့ ရခိုင်စစ်ဘေးဒုက္ခသည် များ

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုရဲခေါင်မြင့်မောင်
2019-04-26
 

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့တဲ့ စားနပ်ရိက္ခာတွေဟာ AA အဖွဲ့ဆီ ရောက်နေတယ်လို့ ယူဆတဲ့အတွက် အစိုးရက ကန့်သတ်လိုက်ပြီးတဲ့နောက်၊ ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ပိုပြီးရင်ဆိုင်လာနေတယ်လို့ သိရပါတယ်။
RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

Link  : Here

Sunday, April 21, 2019

ရခိုင်မှာ စစ်ဘေးဒုက္ခသည် ၃၅၀၀၀ အထိ တိုးလာ

RFA

Sunday, April 14, 2019

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တိုးလာတာ ကြောင့် စိုးရိမ်ပူပန်ကြောင်း ICRC ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-13
  ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၂၉၀၀၀ (နှစ်သောင်းကိုးထောင်)ကျော် ရှိလာတဲ့ အတွက် နိုင်ငံတကာ ကြက်ခြေနီအဖဲ့ွ ICRC က စိုးရိမ်ပူပန်ကြောင်း မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။

Wednesday, April 10, 2019

ဘူးသီးတောင် စည်တောင်ရွာက စစ်ဘေးရှောင်အမျိုး သမီးများ နေရပ်မပြန်နိုင်သေး

DVB
By ဒီဗွီဘီ
10 April 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာမှာ မတ်လ ၂၁ ရက် ညအချိန် ပစ်ခတ်မှု ဖြစ်ပွားပြီး နောက် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ အများစုဟာ နေရပ် မပြန်နိုင်သေးသလို အစိုးရထံက အကူအ ညီတွေလည်း မရဖြစ်နေပါတယ်။

Friday, April 5, 2019

ကြောက်လန့်ပြီးသတိလစ်နေသူသပြေကန်စစ်ရှောင် စခန်းမှ မိန်းခလေးကို မြောက်ဦးဆေးရုံ ပို့ဆောင်

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီလ ၅/ ၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာတွင် ခိုလုံနေသော စစ်ဘေးရှောင် ဒုက္ခသည်များထဲမှ ကြောက်လန့်ပြီး သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေသူ အသက် ၂၁ အရွယ်ရှိ မိန်းလေးတစ်ဦးကိုမြောက် ဦးဆေးရုံသို့ ဧပြီလ ၄ ရက်နေ့က ယူဆောင်သွားရသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမောင်သိန်း တန်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၆၆၄၁ ဦး ရှိသွားပြီဟုဆို

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၁၉

ရခိုင်ပြည်နယ်မှ ခရိုင် ၃ခု၊ မြို့နယ် ၇ မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့ထိ စစ်ဘေးရှောင်ပြည်သူ ၂၆၆၄၁ ဦး ရှိသွားပြီဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးရဲမင်းဦးက ပြော ကြားသည်။

Monday, April 1, 2019

AA အဖွဲ့က အရပ်သားဝတ်နဲ့ အသွင်ယူဝါဒဖြန့်၊ ခြိမ်း ခြောက်နေတယ်လို့ တပ်မတော်ထုတ်ပြန်

RFA
 လွတ်လပ်တဲ့ အာရှအသံ
2019-04-01
ကိုကျော်သူ
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ၂၀၁၉၊ မတ် ၃၁ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
 

ရခိုင်ပြည်နယ်အတွင်း AA ရက္ခိုင့်တပ်မတော်က ဒေသခံတွေအဖြစ် အသွင်ယူလုပ်ကြံဝါဒဖြန့်၊ ခြိမ်းခြောက် ပြီး မဟုတ်မမှန် လိမ်လည်နေတာတွေကို မယုံကြည်ကြဖို့နဲ့ တွေ့ရှိလာရင် သတင်းပေးတိုင်ကြားဖို့ တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

Thursday, March 14, 2019

တပ်မတော်နဲ့ AA တိုက်ပွဲကြောင့် ဒေသခံအများအ ပြား ထွက်ပြေးနေရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-14
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့။Photo: Min Thein Aung/RFA


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာအနီးမှာ မနေ့ကစပြီး ဒီနေ့မနက်ပိုင်းအထိ အစိုးရ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ အတော်များများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Monday, March 11, 2019

AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ဒုက္ခသည် တစ် သောင်းနှစ်ထောင်ကျော်ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-11
  မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စင်္ဘောကိုင်းရွာမှာ ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်


ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ စစ်ဘေးဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော် ရှိလာပြီး တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Saturday, March 9, 2019

စစ်ရေး ပဋိပက္ခကြောင့် ရခိုင်စစ်ပြေး ဒုက္ခသည်ဦးရေ တသောင်းကျော်အထိ တိုးလာ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
09 မတ်၊ 2019

ရခိုင် ဒုက္ခသည်များ Photo Credit: Rakhine Ethnics Congress
အစိုးရတပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ် နေတာမို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာ အခုဆိုရင် စစ်ဘေးရှောင် ပြည် သူ တသောင်း ကျော်သွားပြီ ဖြစ်ပါတယ်။ အနီးနားကျေးရွာတွေမှာ ယာယီ ဒုက္ခသည် စခန်းငယ်လေးတွေ ပိုတိုးလာသလို စခန်းပေါင်း ၂၀ကျော်က စစ်ပြေး ဒုက္ခသည်တွေအတွက် အဓိက စားနပ်ရိက္ခာ နေထိုင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ကူညီ ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက် ဦးမြို့နယ်ထဲက စစ်ဘေးရှောင် ပြည်သူတွေရဲ့ နောက်ဆုံး အခြေအနေ ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

Wednesday, March 6, 2019

ရခိုင်ပြည်နယ်မှာ စစ်ဘေး ဒုက္ခသည် ၁ သောင်း ကျော်ထိ ရှိလာ

RFA 
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန
2019-03-06
AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် ဟာ တစ်သောင်းကျော် ရှိသွားပြီလို့ စစ်ဘေးဒုက္ခသည် စစ်တမ်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်း သား မျိုးနွယ်များ အစည်းအရုံးထံမှ သိရပါတယ်။

Wednesday, February 20, 2019

ရန်ကုန်-စစ်တွေ ကားလမ်းပေါ်အထိ တိုက်ပွဲတွေဖြစ်


VOA
ဗွီအိုအေ (မြန်မာဌာန)
20 Feb 2019

ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေ ဒီရက်ပိုင်း ပိုပြီးအရှိန် တက်လာနေပြီး မြို့နဲ့နီးစပ်လာတဲ့ နေရာတွေထိပါ တိုက်ပွဲတွေ ကူးစက်လာတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်တာရှိပြီး ထိခိုက်သေ ဆုံးတာလည်း ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုနိုင်တာတော့ မရှိသေး ပါဘူး။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ဗွီအိုအေသတင်းထောက် မေခကပေးပို့ထား ပါတယ်။

Tuesday, February 19, 2019

စစ်ရှောင်ရွာသား ၁၃ ဦး မတရားအသင်းဆက်နွယ်မှုနဲ့ တရားစွဲခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
မေခ ၊
19 ဖေဖော်ဝါရီ၊ 2019
ရခိုင် စစ်ရှောင်ရွာသားများ

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဘေးတိမ်းရှောင်လာတဲ့ ရှင်း လက်ဝရွာသား အယောက် ၂၀ ကျော်ထဲက (၁၃) ဦးကို မတ ရား အသင်းနဲ့ ဆက်နွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့နဲ့ တရားစွဲဆိုလိုက်ပြီး ကျန်လူတွေကိုတော့ ခံဝန်က တိနဲ့ ပြန် လွှတ်ပေးလိုက်ပါတယ်။ ဒီအတောအတွင်း ရခိုင်ပြည်နယ်မြောက်ဦးဒေသ အနီးတဝိုက်မှာ မြန်မာ စစ်တပ်နဲ့ AA ရက္ခိုင်လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆို ပါတယ်။ ရခိုင်နောက်ဆုံးရ သတင်းတွေကို ဗွီအိုအေသတင်းထောက် မေခကစုစည်းတင်ပြထားပါတယ်။

Monday, February 18, 2019

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲ ပြင်းထန်

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊
18 ဖေဖော်ဝါရီ၊ 2019

  ရခိုင်လက်နက်ကိုင်အဖွဲ့  (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
 
ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းတွေအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား နှစ်ဖက် တိုက်ပွဲနဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ပိုပြီး အဖြစ်များလာနေပါတယ်။ မနေ့က ရသေ့တောင်မြို့နယ်ထဲမှာပဲ တိုက် ပွဲ(၃)ကြိမ် ဖြစ်ပွား ခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ် ဖက်မှာလဲ တပ်မတော်သားတွေ စီးနင်းလာတဲ့ အရပ်သား ကားတစီးကိုလဲ AA ဖက်က ဗုံးခွဲတိုက်ခိုက်ခဲ့ တယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။

Sunday, February 10, 2019

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၇၀၀၀ ကျော်ထိ ရှိလာ

RFA
2019.02.09
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာမှာ မှီခိုနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉၊ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်

 ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေ ကြောင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရတဲ့ ဒုက္ခသည် ၇၀၀၀ ကျော် ရှိနေပြီလို့ စစ်တွေမြို့အခြေ စိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ဒီနေ့ပြောလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */