RFA
RFA Burmese
2025.03.15
စစ်ကိုင်းတိုင်း ဒေသအချို့တွင် စစ်ဘေးဒုက္ခသည်များအတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် WFP မှ စာနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့စဥ်။ WFP
ရန်ပုံငွေလိုအပ်ချက် ကြီးမားတာကြောင့် မြန်မာနိုင်ငံက လူဦးရေ တစ်သန်းကျော်ကို ထောက်ပံ့မှုတွေ ရပ်တန့်တော့မယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဥ် (WFP) က မတ် ၁၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ် (WFP) က ထောက်ပံ့မှုတွေ ရပ်တန့်လိုက်မယ်ဆိုရင် လက်ရှိ စားနပ်ရိက္ခာ လိုအပ်ချက် ကြီးမားနေတဲ့ မြန်မာဒုက္ခသည်တွေ ပိုပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။