" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူ့အခွင့်အရေး. Show all posts
Showing posts with label လူ့အခွင့်အရေး. Show all posts

Sunday, August 1, 2021

အာဏာသိမ်းပေမယ့် အာဏာမထိန်းနိုင်သေးပါ

ဧရာဝတီ
အောင်မျိုးမင်း
31 July 2021 

ဦးအောင်မျိုးမင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဖြစ်သည် / ဧရာဝတီ

ရွေးကောက်ပွဲအတွင်း မဲသမာမှုများရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သော စစ်ကောင်စီ ၏ မတရားအာဏာသိမ်းယူမှုသည် သြဂုတ်လ ၁ ရက်နေ့တွင် ခြောက်လပြည့်ပြီဖြစ်သည်။

မတရား အာဏာလုယူခဲ့သည့်နောက်ပိုင်း နိုင်ငံ‌ရးခေါင်းဆောင်များအား ဥပဒေမဲ့ဖမ်းဆီးခြင်းမှအစ ဆန့်ကျင် တော် လှန်သူများကို တရားမဲ့နှိမ်နှင်းသတ်ဖြတ်မှုများအလယ် မြို့ရွာတခုလုံးကို ပစ်ခတ်တိုက်ခိုက်ပြီး ‌ဒေသ ခံပြည်သူများကို နေရပ်မှ အတင်းအကြပ်မောင်းထုတ်ခြင်းများအဆုံး နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်   နေလျက်ရှိသည်။

ထိုသို့ ကျူးလွန်နေသော်လည်း တချိန်တည်းမှာပင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြသော မျိုးဆက်  ပေါင်းစုံ၏ သွေးမအေးကြောင်း ဆန္ဒထုတ်ဖော်ပွဲများ၊ စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုဘဲ လုပ်ဆောင်နေသော လှုပ်ရှားမှုများအပြင် သံတမန်အခင်းအကျင်းများဖြင့် ဖိအားပေးမှုများကိုလည်း ဘက်ပေါင်းစုံက ရင်ဆိုင်နေရ လျက်ရှိ၏။

စစ်အာဏာရှင်တိုင်းသည် လက်နက်ကို ခွန်အားအဖြစ် သတ်မှတ်လေ့ရှိကြသည်။ ထိုသို့သတ်မှတ်သည့်အ တိုင်း မိမိတို့၏အာဏာကို ထိပါးလာသူမှန်သမျှကီု လက်နက်အင်အားနှင့် စစ်အင်အားသုံး၍ ဖြိုခွင်းလေ့ရှိ ကြ သည်။

Wednesday, November 6, 2019

၂၀၁၇ လူ့အခွင့်အရေးချိုးဖောက် ခံရမှုတွေကိုစုံစမ်းဖို့ ဘင်္ဂ လားဒေ့ရှ်သွားမည်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
သန့်ဇင်ဦး
2019-11-06 
ကုလသမဂ္ဂဆိုင်ရာ ဂျပန် အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား ၂၀၁၉၊ သြဂုတ်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့စဉ် Photo: Independent Commission Of Enquiry_ICOE_myanma
 
လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီလခရီးစဉ်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရထံ အကြောင်း ကြား ထားပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်း အေးက RFA ကိုအတည်ပြုပါတယ်။

Saturday, April 6, 2019

ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေကျေ တဲ့အပေါ် ကုလပြစ်တင်ရှုတ်ချ


 ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Ravina Shamdasani (Photo: UN Multimedia)

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား တွေ ထိခိုက်သေကျေခဲ့ရတဲ့အပေါ် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

Sunday, February 24, 2019

မြန်မာလူ့အခွင့်အရေးအခြေအနေ UNHRC မှာ EU တင်သွင်းမည်

VOA
23 ဖေဖော်ဝါရီ၊ 2019


မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ဖေဖော်ဝါရီလ နောက်ဆုံး ပတ်အတွင်း စတင် ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက် အစည်း အဝေး မှာ ဥရောပသမဂ္ဂ EU ဦးဆောင် တင်သွင်း သွားမယ်လို့ EU ပြည်ပရေးရာဌာန (EEAS) ရဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Saturday, February 2, 2019

လူ့အခွင့်အရေးအစီရင်ခံစာနဲ့ ရင်းနှီးမြှုပ်နှံမှု အ လား အလာ


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ဖိနှိပ်တဲ့ဥပဒေတွေ ပြင်ဆင်ဖို့လိုတယ်လို့ HRW လူ့အခွင့်အရေး စောင့် ကြည့် အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက် မှုနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီတွေဟာ ဆက်စပ်နေတယ်လို့ HRW ကပြောဆိုတဲ့အပေါ် မြန်မာ့ အရေး လေ့လာသုံးသပ်သူတွေကြား ကွဲပြားတဲ့အမြင်တွေ ရှိနေကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */