RFA
RFA Burmese
2025.02.21
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ဘာဆန်ချာဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေ ရောဂါဖြစ်ပွားမှု လျှော့ချဖို့နဲ့ သေဆုံးတာတွေကို ကာကွယ်ဖို့ရည်ရွယ်ပြီး ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတစ်ဆင့် လှူဒါန်းလိုက်ပါတယ်။