Showing posts with label ဆွေးနွေး. Show all posts
Showing posts with label ဆွေးနွေး. Show all posts

Tuesday, December 31, 2024

၂၀၂၅ မှာ နိုင်ငံတကာ ရိုဟင်ဂျာညီလာခံ ကျင်းပရေး ဘင်္ဂလားဒေ့ရှ်နဲ့ ကုလ ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၃၁ ဒီဇင်ဘာ၊ ၂၀၂၄ 

စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

၂၀၂၅ ခုနှစ်အတွင်း ကုလသမဂ္ဂက ဦးစီးပြီး ကျင်းပဖို့ရှိတဲ့ နိုင်ငံတကာ ရိုဟင်ဂျာ ညီလာခံကို ဘယ်လိုပုံစံနဲ့ ကျင်းပမလဲ၊ ရည်ရွယ်တွေက ဘာတွေဖြစ်မလဲဆိုတာကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ အ ထွေ ထွေညီလာခံဥက္ကဋ္ဌ Philemon Yang တို့ ဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

Monday, December 11, 2023

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေ တွေ့ဆုံဆွေးနွေး

RFA
RFA Burmese
2023.12.11 

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ညီနောင်မဟာမိတ်သုံးဖွဲ့

လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Mao Ning က ဒီဇင်ဘာ ၁၁ ရက် ဒီကနေ့ သတင်းမီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။

Tuesday, August 30, 2022

NUG အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများ အွန်လိုင်းက တွေ့ဆုံ

DVB
Published By DVB | 30 August, 2022

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော် ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး အခု အချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရတဲ့အကြောင်း NUG အစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေနဲ့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG)တို့ အွန်လိုင်းကနေ တွေ့ဆုံပွဲကို ဩဂုတ် ၂၉ ရက် ည ၇ နာရီမှာကျင်းပရာမှာ အခုလို ပြောဆိုခဲ့တာလို့ NUG က သတင်းထုတ်ပြန်ပါတယ်။

Monday, August 29, 2022

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံ နေကြတဲ့ ရိုဟင်ဂျာပြည်သူတွေ ရင်းနှီးစွာ တွေ့ဆုံ

National Unity Government of Myanmar
ဩဂုတ် ၂၉ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာပြည်သူတွေ အကြား ရင်းနှီးစွာတွေ့ဆုံပွဲကို ဩဂုတ် ၂၉ ရက် ည ၇ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
 
တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ က ရိုဟင်ဂျာပြည်သူတွေနဲ့ ပတ်သက်ပြီး သဘောထားတွေ၊ ကြိုးပမ်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
 

Thursday, December 10, 2020

တပ်မတော်နှင့် AA ပန်ဆန်းတွင် ဆွေးနွေး

ဧရာဝတီ
နန်းလွင်နှင်းပွင့်
10 December 2020
 
၂၀၁၆ ခုနှစ်က မိုင်ဂျာယန် တွင်ပြုလုပ်ခဲ့သော ညီလာခံသို့ တက်ရောက်ခဲ့သော AA အဖွဲ့များ / ဧရာဝတီ

တပ်မတော် နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ နှစ်ဖက် ကိုယ်စားလှယ်များသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင် ဒီဇင်ဘာ ၉ ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြကြာင်း သတင်းရရှိသည်။

တပ်မတော်နဲ့ အေအေ အဖွဲ့တို့ ဝ ဒေသမှာ တွေ့

B B C

ဘီဘီစီ မြန်မာပိုင်း
12 Dec 2020

 ၂၀၁၉ ကျိုင်းတုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ အေအေအဖွဲ့
 
၂ နှစ် ကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ နှစ်ဖက်လူ ချင်း တွေ့ဆုံဆွေးနွေးမှုတွေ ဝဒေသမှာ စတင် ပြုလုပ်ခဲ့ပါတယ်။

Tuesday, September 15, 2020

မြန်မာပြည်အရေး လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-09-14
  မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ၃ နှစ်ရှိပြီ ဖြစ်ပေမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ ၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက် က ပြောကြားခဲ့ပါတယ်။

Sunday, September 13, 2020

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ရခိုင်အရေး ဆွေးနွေး

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
13 စက်တင်ဘာ၊ 2020 
 အွန်လိုင်း ဗွီဒီယိုကတဆင့် ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ (စက်တင်ဘာ ၉၊ ၂၀၂၀)

အွန်လိုင်းဗွီဒီယိုကတဆင့် ကျင်းပပြုလုပ်ခဲ့တဲ့ ၄ ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အေ ဝးမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ အငြင်းပွားနေတဲ့ တောင် တ ရုတ်ပင်လယ်ကိစ္စ တွေ့ဆုံဆွေးနွေးပွဲတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ ကတိကဝတ် ပြုခဲ့ကြတဲ့အပြင် ကိုရီး ယားကျွန်းဆွယ် လုံခြုံရေး၊ မြန်မာက ရခိုင်ပြည်နယ်ကိစ္စ အပါအဝင် ဆိုက်ဘာလုံခြုံရေးကိစ္စ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း စတဲ့ ကိစ္စရပ် တော်တော်များများကိုလည်း ဆွေးနွေး ခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောပါတယ်။

Friday, January 10, 2020

အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် အ ရေးဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
10 ဇန္နဝါရီ၊ 2020
                                            ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့တော်ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် နိုင်ငံတကာရေးရာတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

Wednesday, January 8, 2020

နယ်စပ်လုံခြုံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အရာရှိများ ဒါကာ တွင် ဆွေးနွေး

ဧရာဝတီ 
By Muktadir Rashid
8 January 2020

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများကြားမှ နယ်စပ်လုံခြုံ ရေး ဆိုင်ရာ အစည်းအဝေးတခုကို ဒါကာတွင် ကျင်းပခဲ့ပြီး ၂ နိုင်ငံမှ တာဝန်ရှိသူများက နယ်စပ်ပေါ်ရှိ လက် နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ရိုဟင်ဂျာများနှင့် သက်ဆိုင်သည့် ရာဇဝတ်မှုများ ဖြေရှင်းရေးအ တွက် နည်းလမ်းများရှာဖွေရန် ကတိပြုခဲ့ကြသည်။

Saturday, November 23, 2019

ICJ အမှု တုံ့ပြန်ရေး မြန်မာထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေး

VOA  
ဗွီအိုအေ (မြန်မာဌာန)
23 နိုဝင်ဘာ၊ 2019 


ICJ တွင် အမှုရင်ဆိုင်နိုင်ရေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အစိုးရနှင့် စစ်တပ် ထိပ်တန်းခေါင်းဆောင်များ။ (ဓာတ်ပုံ - Myanmar State Counsellor Office, Nov 23, 2019)  

 

 
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့အမှုကို တုံ့ပြန်မယ့် အစီအစဉ် တွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် တာဝန်ရှိသူတွေကို ဒီကနေ့ ရှင်းလင်းခဲ့ပါတယ်။

Saturday, June 22, 2019

ရိုဟင်ဂျာအရေးနဲ့ ဒေသတွင်းကိစ္စတွေ ဆွေးနွေးမယ့် အာဆီယံညီလာခံ စတင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဇွန်၊ 2019
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့ ၃၄ ကြိမ်မြောက် ထိပ်သီးညီလာခံ (ဇွန်၊ ၂၂၊ ၂၀၁၉)  
 ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည် အရေးအပါဝင် အာဆီယံဒေသတွင်းကိစ္စရပ် အတော်များများကို ဆွေး နွေးမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့ ၃၄ ကြိမ်မြောက် ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။

Wednesday, June 12, 2019

ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရ်ှနဲ့ အမေရိကန်အကြား ဆွေးနွေး

VOA
နိုင်ငံတကာ
ဗွီအိုအေ (မြန်မာပိုင်း)
12 ဇွန်၊ 2019
ရိုဟင်ဂျာ ဒုက္ခသည်များ

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံကို တွန်းအားပေးဖို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား လက်ခံ သဘောတူခဲ့ကြကြောင်း တာဝန်ရှိသူတွေက ပြောဆို လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */