" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Burma Act 2022. Show all posts
Showing posts with label Burma Act 2022. Show all posts

Thursday, March 21, 2024

အမေရိကန်ဘာသာရေးလွတ်လပ်ခွင့် USCIRF အဖွဲ့က ရိုဟင်ဂျာတွေအတွက် အဆိုပြုချက်ထုတ်ပြန်

RFA
RFA Burmese
2024.03.21

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

ရိုဟင်ဂျာတွေကို လူမျိုးတုံးသုတ်သင်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အခုအချိန်မှာ သူတို့ကို စစ်မှုထမ်းပြီးရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့အစီအစဉ်တောင်မပါဘဲ စစ်တပ်ထဲထည့်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် USCIRF ကော်မရှင်မင်းကြီး အဲရစ်ဟူးလန်းဒ် က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တပ်မတော်ဟာ တိုင်းပြည်ကို ဖရိဖရဲနဲ့ စည်းလွတ်ဝါးလွတ်အုပ်ချုပ်နေတယ်လို့ သူက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */