ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ယူရိုငွေ ၆၅ သန်းကျော် ထောက်ပံ့ကူညီသွားမယ်လို့ ဥရောပသမဂ္ဂ (EU) က မတ်လ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင် အကျပ်အတည်းကြုံနေရတဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှက နိုင်ငံတွေကို EU က ယူရို ၇၆ သန်း ထောက်ပံ့သွားမယ်လို့ ကြေညာတာပါ။