" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမြင်. Show all posts
Showing posts with label အမြင်. Show all posts

Tuesday, March 17, 2020

မြန်မာ့ လူ့အခွင့်အရေး ရန်ကုန် ကန် သံရုံး အမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
17 မတ်၊ 2020
ရဲမင်းထွန်း
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြနေသူတချို့ (မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက စိုးရိမ်စရာတွေ ဆက်လက် ရှိနေသေးတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောခွင့်ရ Ms. Aryani Manring က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေအပေါ် မြန်မာအစိုးရက ၀န်ခံပြောကြား ခဲ့တာက ၂၀၁၉ ခုနှစ်အတွင်း ထူးခြားမှု တခု လို့လည်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်း ရာ မှာ သူက အခုလို စပြောပါတယ်။

Friday, March 13, 2020

မြန်မာ ICJ အမှု ဟားဗတ်ဥပဒေပညာရှင် မရည်မွန်ထွန်းရဲ့ အမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
13 မတ်၊ 2020
မအေးအေးမာ
ဟားဗတ်ဥပဒေပညာရှင် မရည်မွန်ထွန်း (သတင်းဓာတ်ပုံ - Facebook)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာတရား ရုံးမှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုတဲ့ အမှုကိစ္စအပေါ် လေ့လာသိရှိလိုတဲ့ Harvard Law School က နိုင်ငံတကာဥပဒေသင်ယူနေတဲ့ ကျောင်းသားတွေကို လူ့အခွင့်အရေး အထူးပြုရှေ့နေ-ဥပဒေပညာရှင် မရည်မွန်ထွန်းက ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

Friday, December 13, 2019

မြန်မာ ICJ ချေပချက်အပေါ် နိုင်ငံတကာ ဥပဒေပညာရှင် အမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
13 ဒီဇင်ဘာ၊ 2019
နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker နှင့် VOA အင်တာဗျူး 
မြန်မာကို အမှုဖွင့်တိုင်ကြားချက်နဲ့ပတ်သက်လို့ ICJ တရားရုံးအနေနဲ့ ပယ်ဖျက်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက် အပါအ၀င် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့က နောက်ဆုံး လျှောက်လဲချက်တွေဟာ ICJ တရားသူကြီးတွေ လက်ခံစဉ်းစားဖို့ အတွက် ထိရောက်လွှမ်းမိုးနိုင်မှု မရှိခဲ့ဘူး လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။

Friday, November 22, 2019

ICJ တရားစွဲဆိုမှုအပေါ် လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ အမြင်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
သီဟထွန်း၊ သက်စုအောင်
2019-11-21
                                        နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ အပြည်ပြည်ဆိုင်ရာတရားရုံးကို တွေ့ရစဉ် Photo: ICJ


လူမျိုးတုံးသတ်ဖြတ်မှုများ ကာကွယ်ရေးနဲ့ အပြစ်ပေးအရေးယူခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီမှုကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တဲ့အတွက် OIC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက နယ်သာလန် နိုင်ငံ သဟိဂ်မြို့မှာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ တရားစွဲဆိုခဲ့တာပါ။

မြန်မာနိုင်ငံကို ICJ အပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နဲ့ အာဂျင်တီးနားနိုင်ငံတရားရုံးတွေမှာလည်း တ ရား စွဲဆိုထားပေမယ့် မြန်မာအစိုးရကတော့ ICJ တခုတည်းကိုပဲ နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရ ဖြေ ရှင်းမယ်ဆိုပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ တရားရင်ဆိုင်ဖို့ ဆုံးဖြတ် ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */