" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အစိုးရပြန်တောင်းမည်. Show all posts
Showing posts with label အစိုးရပြန်တောင်းမည်. Show all posts

Thursday, October 15, 2020

အိုင်စီစီရောက် တပ်မတော်သားနှစ်ဦးကို ပြန်တောင်းယူ မယ် လို့ အစိုးရ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
သက်စုအောင်
2020-10-14

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမြောက်အများကို ကိုယ်တိုင်သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံထားတဲ့ တပ် မတော်သားနှစ်ဦးဟာ၊ လက်ရှိ နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီကို ရောက်၊ မရောက် အငြင်းပွားမှုတွေ ရှိနေ ပြီး၊ တကယ်လို့ ရောက်နေတယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ သူတို့နှစ်ဦးကို သံတမန်နည်းနဲ့ တရားဝင် ပြန် တောင်းယူသွားမယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

နိုင်ငံတကာဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ တစ်ခြားနိုင်ငံကို ရောက်ရှိနေတဲ့ သုံ့ပန်းကို ပြန်တောင်းဖို့ ဆိုရာမှာ၊ နှစ်နိုင်ငံသဘောတူစာချုပ် လက်မှတ်ထိုးတာမျိုးမရှိတဲ့အတွက် လက်တွေ့မဖြစ်နိုင်ဘူးလို့ သုံးသပ် ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */