" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အပြစ်တင်. Show all posts
Showing posts with label အပြစ်တင်. Show all posts

Sunday, October 11, 2020

ဒုက္ခသည်ပြန်ပို့ရေး နှောင့်နှေးနေမှုအတွက် မြန်မာအစိုးရ နှင့် နိုင်ငံတကာအဖွဲ့များကို ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် အပြစ်တင်

Frontier
MYANMAR  

JUNE 11, 2019

ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန် ပို့မည့် အစီအစဉ် နှောင့်နှေးနေမှုအတွက် မြန်မာအစိုးရနှင့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများကို ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က ပြစ်တင်ဝေဖန်လိုက်သည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်ပဋိပက္ခများနှင့် စစ်တပ် ၏နှိမ်နင်းမှုများကြောင့် လူပေါင်းသိန်းနှင့်ချီကာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေး သွားကြသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပြောကြားချက်အရ ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည် စခန်းများတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ၇၄၀,၀၀၀ ခန့် ခိုလှုံနေကြသည်ဟုဆိုသည်။

Sunday, December 29, 2019

ဦးပိုင် နဲ့ ဖက်စပ်လုပ်မှု သြစတြေးလျ ဘီယာကုမ္ပဏီ ပြစ်တင် ခံနေရ

BAMAKHIT
By D Nae Khit
December 29, 2019


သြစတြေးလျနိုင်ငံက Lion Little World ဘီယာကုမ္ပဏီကို မြန်မာ့တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းနဲ့ ဖက်စပ်လုပ်ကိုင်မှုအတွက် နိုင်ငံတကာက ဝေဖန်ပစ်တင်နေကြပါတယ်။

အဲဒီ ဘီယာကုမ္ပဏီဟာ ဂျပန်နိုင်ငံက ကမ္ဘာကျော် ယမကာကုမ္ပဏီတစ်ခုဖြစ်တဲ့ Kirin ကီရင်ရဲ့ လက်
အောက် ခံဖြစ်ပြီး Kirin ကုမ္ပဏီဟာ တပ်မတော်ရဲ့ လုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ပူးပေါင်းပြီး ဘီယာတွေ ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။

Thursday, December 19, 2019

ဒုက္ခသည်ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် မြန်မာကို အပြစ်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဒီဇင်ဘာ၊ 2019
သားညွန့်ဦး
ဒုက္ခသည်ညီလာခံ

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကြန့်ကြာမှုဖြစ်နေတာဟာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့်အခြေအနေ မြန်မာဘက်က မဖန်တီးပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ထပ်မံ စွပ်စွဲအပြစ်တင်ပါတယ်။ ဂျနီဗာမှာ ကျင်းပနေတဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာဒုက္ခသည်များညီလာခံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်က ပြောဆိုသွားတာဖြစ်ပြီး၊ ဒီဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ အမေရိကန်ဒေါ်လာ သန်း၆၀၀ ကျော် သုံးစွဲ အကုန်အကျခံခဲ့တယ်လို့လည်း ပြောပါတယ်။ သတင်းအပြည့်အစုံ ကိုသားညွန့်ဦး ပြောပြမှာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */