Showing posts with label ရိုဟင်ဂျာ ဒုက္ခသည်. Show all posts
Showing posts with label ရိုဟင်ဂျာ ဒုက္ခသည်. Show all posts

Tuesday, June 23, 2020

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ကပ်ရောဂါ ကူးစက်မှာ စိုးရိမ်မှုတွေတိုး


VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဇွန်၊ 2020
ဇော်ထက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox' Bazar ဒေသက ကုတုပလောင်ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ဈေးတခုမှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇွန် ၀၂၊ ၂၀၂၀)

လူဦးရေ ၁,၀၀၀,၀၀၀ လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ COVID-19 ကူး စက် နှုန်း ဟာ စိုးရိမ်ရတဲ့အခြေအနေကို ရောက်နေပြီလို့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေ၊ လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့တွေက ပြောလိုက်တဲ့အကြောင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော် ထက်က တင်ပြပေးမှာပါ။

Tuesday, June 2, 2020

COVID-19 ကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခ သည်တစ်ဦးသေဆုံး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
02 ဇွန်၊ 2020  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ သတိပေးချက်တွေ ကြေငြာနေတဲ့ မြင်ကွင်း။ (မေ၊ ၁၅၊ ၂၀၂၀)


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံး သွားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူဟာ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်သူ အသက် ၇၁ နှစ်အရွယ်အမျိုးသား ဖြစ်ကြောင်းနဲ့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ COVID-19 ရောဂါ ကူးစက်ခံထားရသူ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး Abu Toha M.R. Bhuiyan က သတင်းထောက်တွေကို ပြောပါတယ်။

Tuesday, January 28, 2020

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာကလေးတွေအတွက် ပညာ ရေးအစီအစဉ် စတင်မည်

ရိုဟင်ဂျာကလေးငယ်များ UNICEF က ဖွင့်ထားတဲ့ ကျောင်းတက်ရောက်စဉ် (သြဂုတ်လ ၂၀၁၈) (AP Photo/Altaf Qadri)


ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာသင်ကြားခွင့် ပေးတော့မယ့် အကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာကလေးတွေ ပညာသင်ခွင့်ရစေလိုကြောင်း လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen က AFP သတင်းဌာနကို ပြောဆို ခဲ့တာ ပါ။ 

Thursday, January 16, 2020

ဒုက္ခသည်အရေး မြန်မာကိုဖိအားပေးဖို့ ICRC ကို ဘင်္ဂလား တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံစွာ နေ ရပ်ပြန်ပြီး ရေရှည် ရပ်တည်နိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာအောင် မြန်မာဘက်က ဖန်တီးပေးရေး ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီး ဒေါက်တာ AK Abdul Momen က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */