" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပြန်လက်ခံရေး. Show all posts
Showing posts with label ပြန်လက်ခံရေး. Show all posts

Friday, November 3, 2023

ရိုဟင်ဂျာ ပြန်လက်ခံရေး ကြိုးပမ်းချက် နိုင်ငံရေးအသုံးချမှု ဟု ဒုက္ခသည်များ ဝေဖန်

ဧရာဝတီ
2 November 2023

ကူတူပါလောင် ဒုက္ခသည်စခန်းတွင် တဲအနီး ချက်ပြုတ်နေသော ရိုဟင်ဂျာဒုက္ခသည် / UNHCR

စစ်ကောင်စီအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရန် ဟန်ပြလုပ် ဆောင် နေပြီး နိုင်ငံရေးအရ အသုံးချမှုတခုသာ ဖြစ်ကြောင်း ရိုဟင်ဂျာဒုက္ခသည်များက ပြောသည်

အောက်တိုဘာ ၃၁ရက် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မောင်တော ခရိုင် လဝကမှူးနှင့် ကိုယ်စားလှယ် ၃၄ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် တက္ကနက်ဖ် မြို့သို့ ရေကြောင်းဖြင့် သွားရောက်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ရာ ဒုက္ခသည်များတင်ပြမှုအပေါ် မည်သည့်ကတိကဝတ်မှ မပေးနိုင် ဘဲ စစ်ကောင်စီ၏ မူဝါဒကိုသာ အကြိမ်ကြိမ်ချပြ ပြောဆိုခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာများက ပြောသည်။

Tuesday, October 31, 2023

ရိုဟင်ဂျာတွေ ပြန်လက်ခံရေး မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေ

RFA
RFA Burmese
2023.10.31

ရိုဟင်ဂျာများ နေရပ်ပြန်ဖို့ ဆွေးနွေးရေး ဘင်္ဂလားဒေရှ့် နယ်စပ် တက္ကနပ်မြို့သို့ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က သွားရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အား တွေ့ရစဉ်။ AFP 

နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ပြန်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ ဟာ အောက်တိုဘာလ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့ (Teknaf) ကို ရောက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။

Friday, March 24, 2023

စစ်ကောင်စီက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံတော့ မှာလား၊

မိုးမခ
မတ် ၂၃၊ ၂၀၂၃



၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဦးရေ ၁ ထောင်ဝန်းကျင်ကို ပထမဆုံးအကြိမ်ပြန်လက်ခံဖို့ စစ်ကောင်စီက ခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဝန်ကြီးအဆင့်ဦးဆောင် ပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထိ သွားရောက်ကာ ပြန်လာဖို့ စာရင်းပေးသွင်းထားသူတွေကို သွားရောက် တွေ့ ဆုံမေးမြန်းခဲ့တာတွေ ရှိခဲ့ပြီး မကြာခင်ရက်ပိုင်းမှာ စာရင်းပေးသွင်းထားသူ အချို့ပြန်လာကြမယ့် သဘောမျိုးမြင် တွေ့နေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်ခြင်း သုံးနှုန်းခြင်း မပြုသလို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲ ပြန်လာတဲ့အခါမှာလည်း နကိုနေထိုင်ခဲ့တဲ့ ဒေသ၊ ကျေးရွာမှာ ပြန်နေထိုင် လုပ်ကိုင်စားသောက်ခွင့် ရ/ မရ တိတိကျကျ မသိကြရပါဘူး။ NLD အစိုးရ လက်ထက်ကတည်းက ပြန်လည်လက် ခံ ရေး စခန်းတွေ ဆောက်လုပ်ထားပြီး အဆိုပါ စခန်းတွေမှာ လအနည်းငယ် နေထိုင်ရမယ်လို့ စစ်အာဏာမသိမ်း မီ အန်အယ်လ်ဒီလက်ထက် ကြိုးစားခဲ့တဲ့ ပြန်လည်လက်ခံရေး အစီအစဥ်တွေမှာ ဖေါ်ပြခဲ့ဖူးတာ ဖြစ်ပါတယ်။

Monday, December 20, 2021

ရိုဟင်ဂျာ ပြန်လက်ခံရေး စစ်ကောင်စီပြင်ဆင်မှု ယုံကြည် သူနည်းပါး

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-19 

ရခိုင်ပြည်နယ်ကို ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေကို တွေ့ရစဉ် Photo: RFA
 
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီး ကိုးလကျော်အချိန်မှာ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး လုပ်ငန်း တွေ စတင်ဖို့ ကြိုးစားလာတာဟာ နိုင်ငံတကာ မျက်နှာစာမှာ အစိုးရတစ်ရပ် အနေနဲ့ အသိအမှတ်ပြုခံရဖို့ လုပ်ဆောင်တာ ဖြစ်ပြီး အမှန်တကယ် လုပ်ဆောင်ချင်စိတ်ကြောင့် မဟုတ်ဘူးလို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ တွေက သုံးသပ်ကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */