" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မလိုက္နာ. Show all posts
Showing posts with label မလိုက္နာ. Show all posts

Wednesday, February 5, 2020

ICJ စီရင်ချက် မြန်မာမလိုက်နာရင် ဘာဖြစ်မလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
သန့်ဇင်ဦး
2020-02-05

နိုင်ငံတကာတရားရုံး (ICJ) ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရက မစိုးရိမ်ဘူးပြောဆိုနေပေမယ့်၊ တကယ် လို့ ကြားဖြတ်စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ရင် ကုလလုံခြုံရေးကောင်စီထိ ရောက်သွား နိုင်တယ်လို့ ဥပဒေပါရဂူဘွဲ့ရနဲ့ လူ့အခွင့်အရေးတက်ကြွသူတချို့က သုံးသပ်နေကြပါတယ်။

နိုင်ငံတကာတရားရုံး ICJ ကြားဖြတ်စီရင်ချက်တွေထဲက ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု မဖြစ်အောင် မြန်မာအစိုးရက တားဆီးပေးရေးဆိုတဲ့အချက်ဟာ တပ်မတော်နဲ့ မြန်မာအစိုးရအတွက် အ ခက်တွေ့ စေမယ့် အချက်တွေဖြစ်တယ်လို့ ဥပဒေသိပ္ပံပါရဂူ ဒေါက်တာ အင်ဒရူး ငွန်ကျူံးလျန်က ပြောဆို လိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */