Showing posts with label အယ်ဒီတာ့အာဘော်. Show all posts
Showing posts with label အယ်ဒီတာ့အာဘော်. Show all posts

Monday, March 4, 2019

မလိုမုန်းထား ခွဲခြားဆက်ဆံမှုနှင့် တစ်ဖက်စောင်း နင်းလုပ်ရပ်များ

မြန်မာ့အလင်း
မြန်မာ့အလင်း အယ်ဒီတာ့ အာဘော်




ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်ကာလက စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒုတိယကမ္ဘာစစ်အပြီးကာလတွင် ဖြစ်သည့် အလျောက် အဖွဲ့ကြီး၏ ရည်ရွယ်ချက်များသည်လည်း တစ် ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန်၊ နိုင်ငံအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုများ တိုးတက်ဖြစ်ပေါ်လာစေရန်၊ လူများ၏ နေထိုင်မှု အဆင့်အတန်း ပိုမိုကောင်းမွန်စေ၍ ဆင်းရဲခြင်း၊ ရောဂါ များဖြစ်ပွားခြင်း၊ စာမတတ်ခြင်းတို့ က္ဘာပေါ်မှ ပပျောက်စေရန်၊ လူ့ပတ်ဝန်းကျင်ပျက်စီးမှု ရပ်တန့်စေရန်နှင့် လူအချင်းချင်း၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အပြန်အလှန်အရေးထား လေးစားရေးအတွက် အတူ တကွပူးပေါင်း ဆောင်ရွက်ကြစေရန်၊ နိုင်ငံများအား ထိုရည်မှန်းချက်များ ပေါက်ရောက် စေရေးအတွက် ကူညီပံ့ပိုးသော ဗဟိုဌာနဖြစ်စေရန်ဟူ၍ ဖြစ်ခဲ့သည်။

Sunday, March 3, 2019

အမှန်တရားကို သေချာစွာလေ့လာဆန်းစစ်

အယ်ဒီတာ့အာဘော်

မတ် ၃

ပကတိအရှိတရားတို့ကို လတ်တလောတွင် အမှန်အတိုင်းမသိကြသော် လည်း အချိန်တန်လျှင် မှန်မှန်ကန် ကန် သိမြင်နားလည် သဘောပေါက် လေ့ရှိသည်။ ရခိုင်ပြည်နယ်တွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် အာဆာအကြမ်းဖက်သမား များ၏ ကြိုတင်အကွက်ချ တိုက်ခိုက်မှု များမှ ပေါ်ပေါက်လာသော နောက်ဆက်တွဲအကျိုးဆက်များကိုအကြောင်းပြု၍ မြန်မာနိုင်ငံအပေါ် ဖိအားအ မျိုးမျိုးပေးပြီး မမှန်မကန်စွပ်စွဲပြစ်တင်ပြောကြားမှုများမှာ နိုင်ငံတော်အစိုးရက မှန်မှန်ကန်ကန် အလုပ်နှင့် သက်သေပြဆောင်ရွက် နေမှုများကြောင့် က္ဘာ့ပြည်သူအများစုအနေဖြင့် ဖြစ်စဉ်အမှန်များကို ရှင်းရှင်းလင်း လင်း သဘောပေါက်လာကြပြီဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */