ဧရာဝတီ
Aug 17, 2024
Saturday Roundtable
Thursday, September 26, 2024
ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဘာလဲ ဘယ်လဲ
Tuesday, September 13, 2022
"ရိုဟင်ဂျာလူမျိုးများအား လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် တရားမျှတမှုရှာဖွေရေး ခရီး"
နေ့ရက်: ၁၂ ရက်နေ့ စက်တင်ဘာလ ၂၀၂၂
အချိန် : မြန်မာစံတော်ချိန် ည ၈ နာရီ
Thursday, December 31, 2020
လူ့အခွင့်အရေးနှင့် နိုင်ငံသားဥပဒေ (စကားဝိုင်းဆွေးနွေးပွဲ)
29th December 2020 မြန်မာနိုင်ငံမှာ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီး ထိတွေ့ဝေဖန်သုံးသပ်မှုဟာ နည်းပါးတဲ့အခြေအနေမှာ ရှိပါတယ်။ ၁၉၈၂ ခုနှစ်တုန်းက ပြဌန်းခဲ့တဲ့ နိုင်ငံသားဥပဒေဟာ လူ့အခွင့်အရေး စံချိန်စံနူန်းတွေနဲ့ ဘယ်လောက် အထိ ကိုက်ညီမှုရှိပါသလဲ၊ ဒီဥပဒေကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ပြဌန်းခဲ့တာပါလဲ၊ ဒီဥပဒေကြောင့် ခွဲခြား ဆက် ဆံခံရသူတွေ ဘယ်လောက်အထိရှိနေသလဲ၊ စတဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားဥပဒေအကြောင်းကို ဆွေးနွေးတင်ဆက်ထားပါတယ်။
ဒေါက်တာစိုင်းကြည်ဇင်စိုး(သုတေသီ)
ချယ်ရီဇာဟောင်(လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ)၊
ကိုရဲဟိန်းအောင်(Myanmar Cultural Research Society)နဲ
့ ကိုအောင်ကိုကို( Mosaic Myanmar) တို့က ပါဝင်ဆွေးနွေးထားကြပါတယ်။
Monday, February 17, 2020
လူ့အခွင့်အရေး မြန်မာ့ဂုဏ်သိက္ခာ ပြန်မြှင့်တင်ဖို့
ဗွီအိုအေ (မြန်မာဌာန
ဒေါ်ခင်မျိုးသက်
17 ဖေဖော်ဝါရီ၊ 2020
ရခိုင်ဒေသ လူ့အခွင့်အရေးပြဿနာကြောင့် နိုင်ငံတကာမှာ မြန်မာနာမည်ပျက်နေတာတွေကိုဖြေဖျောက်နိုင် ဖို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားသလဲဆိုတဲ့ နိုင်ငံရေးစကားဝိုင်းကို မြန်မာ့အရေးလေ့လာသူ ဦးမောင် မောင်စိုး၊ သတင်းစာဆရာ ဦးစည်သူအောင်မြင်တို့နဲ့ ဒေါ်ခင်မျိုးသက် ဆွေးနွေးတင်ဆက်ထားပါတယ်။
Sunday, January 26, 2020
Saturday, January 25, 2020
အိုင်စီဂျေ ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက်အပေါ် သုံးသပ်ချက် စကားဝိုင်း
Jan 24, 2020
ဆွေးနွေးသူများ၊
(၁) ဦးအေးလွင်၊ (ကိုဖီအာနန် ကော်မီရှင် အဖွဲ့ဝင်ဟောင်း)
(၂) ဦးအောင်မျိုးမြင့် ( ညီမျှခြင်းမြန်မာ - အမှုဆောင်ဒါရိုက်တာ )
Link : Here
Monday, January 20, 2020
Saturday, December 14, 2019
RFA စကားဝိုင်း (၂၀၁၉၊ ဒီဇင်ဘာ ၁၄)
လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-12-14
■ လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ “RFA စကား ဝိုင်း” (Call-in Show) အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ " ICJ နဲ့ မြန်မာ့နိုင်ငံရေးအလားအလာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင် ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဟာဂျီ ဦးအေးလွင် (ကိုဖီအာနန် အကြံပေးကော်မရှင် အဖွဲ့ဝင်)၊ ဒေါက် တာ ယဉ်ယဉ်နွယ် (တရုတ်နိုင်ငံ UNICEF ဌာနေကိုယ်စားလှယ်၊ (၂ဝဝ၆ - ၂ဝ၁၁)) ဦးသက်ဆွေဝင်း (လူမှု သဟဇာတဖြစ်ရေးစင်တာ၊ SYNERGY) တို့ ဖြစ်ပါတယ်။
Link : Here
Saturday, September 21, 2019
RFA စကားဝိုင်း အစီအစဉ် “တပ်ချုပ်လှုပ်ရှားမှုရဲ့ လားရာ”
■ လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၂ နာရီ ၄၅ မိနစ်အထိ “RFA စကားဝိုင်း” (Call-in Show) အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ “တပ်ချုပ်လှုပ်ရှားမှုရဲ့ လားရာ” ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပြီး အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင် ကျော်၊ Mosaic Myanmar အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်ကိုကို နဲ့ ခေတ်ရနံ့မဂ္ဂဇင်း အယ်ဒီတာ ချုပ် ဦးပြည် သွေးနိုင် တို့က ဦးဆောင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
Saturday, September 7, 2019
ဂူတာပြင်ရွာသတ်ဖြတ်မှုအပေါ် သုံးသပ်ခြင်း ( RFA စကားဝိုင်း )
RFA စကားဝိုင်း အစီအစဉ်
၀၇ စက်တင်္ဘာလ ၂၀၁၉။
■ ■ လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ “RFA စကားဝိုင်း” (Call-in Show) အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
Saturday, August 17, 2019
RFA စကားဝိုင်း (၂၀၁၉၊ သြဂုတ် ၁၇ ရက်)
RFA
လွတ်လပ်တဲ့ အာရှအသံ
17 August 2019
RFA စကားဝိုင်း အစီအစဉ် ~~~~~~ ■
လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၂ နာရီ ၄၅ မိနစ်အထိ “RFA စကားဝိုင်း” (Call-in Show) အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ " ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်မှုနှင့် ငြိမ်းချမ်းရေးအလားအလာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း)၊ ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေးလေ့လာသူ)၊ နဲ့ ဒေါက်တာ ရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံး သပ် သူ) တို့ ဖြစ်ပါတယ်။
Link : Here
Sunday, August 11, 2019
FFM အစီရင်ခံစာနှင့် နိုင်ငံရေးအလားအလာ ( တင်္နဂနွေ စကားဝိုင်း )
RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-10
၂ဝ၁၉ သြဂုတ် ၁၀ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " FFM အစီရင်ခံစာနှင့် နိုင်ငံရေးအလားအလာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဦးလှမောင် (စီးပွားရေးပညာရှင်)၊ ဦးသိန်းထွန်းဦး (သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့)၊ ဟာဂျီ ဦးအေးလွင် (ကိုဖီအာနန် အကြံပေးကော်မရှင်)နဲ့ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း) တို့ ဖြစ်ပါတယ်။
Link : Here
Saturday, March 16, 2019
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက်စိန်ခေါ် ချက်များ
လြတ္လပ္တဲ့ အာရွအသံ
2019-03-16
Saturday, September 9, 2017
“ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေးအမြင်” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ဆွေး နွေးပွဲ ပြုလုပ်ခဲ့ပြီး ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် တက်ရောက်
ELEVEN
9 SEPTEMBER 2017
“ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေး” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ဆွေးနွေးပွဲ ပြုလုပ်စဥ“ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေး” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ စကားဝိုင်းသို့ တပ်မတော်သား အများစု တက်ရောက်ခဲ့ပြီး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် အရာရှိများ အပါအဝင် တပ်မတော်မှ အရာရှိများ၊ အရပ်ဘက်မှ ပုဂ္ဂိုလ်အချို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် နိုင်ငံတကာရေးရာ သုတေသီ ဦးကိုကိုလှိုင်၊ ပြင်သစ်နိုင်ငံ အရှေ့ တိုင်း ပညာရပ်များ သုတေသန (EFEO) ဒေါက်တာ ဂျော့က်ပီလိုက်ဒါတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး Moderator အဖြစ် စာရေးဆရာ ဦးသန်းအေးက ဆောင်ရွက်ခဲ့သည်။
စာရေးဆရာ ဦးသန်းအေးက ရခိုင်အရေးသည် မနေ့တစ်နေ့ကမှ ဖြစ်လာသည့် ပြဿနာ မဟုတ်ကြောင်း၊ ၁၉၄၂ ခုနှစ် ကတည်းက စတင်ခဲ့ကြောင်း၊ လက်ရှိတွင် ဥရောပနိုင်ငံများတွင်ပင် အစ္စလာမ်ကို ကြောက်နေရသည်ဆိုသည့် ရောဂါ ဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နောက်ဆုံး ခံနေရခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံခံနေရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ အခြား နိုင်ငံများတွင်လည်း ယင်းကဲ့သို့ ဖြစ်ပွားနေကြောင်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နာမည်များသည် ရခိုင်တိုင်းရင်းသား နာမည်များဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် ဘင်္ဂါလီဦးရေသည် ရခိုင်တိုင်းရင်းသား လူဦးရေထက် များစွာ သာလွန်နေကြောင်း၊ တစ်နိုင်ငံလုံံးနှင့် နှိုင်းယှဉ်ပါက ဘင်္ဂါလီဦးရေသည် လူနည်းစုဟု ဆိုနိုင်သော်လည်း အကြမ်းဖက်မှု ဖြစ်ပွားနေသည့် ဘူးသီးတောင်၊ မောင်တောတွင် အကြမ်းဖက်ခံ၊ အနှိပ်စက်ခံများသည် ဘင်္ဂါလီများ မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားများ ဖြစ်နေကြောင်း ၎င်းက ဆက်လက်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲ တက်ရောက်လာသူ ဦးစစ်အေးက “အခု အချိန်မှာ နိုင်ငံတကာနဲ့ ပတ်ဝန်းကျင် ဘယ်လောက်အထိ ဘယ်လိုဖိအား ရှိနေတယ်။ ဒီပြဿနာကို နိုင်ငံရေးအရ ကြီးထွားလာအောင် လုပ်နေတဲ့ အနေအထားမျိုး။နောက် တစ်ခါ အစ္စလာမ္မစ် ကွန်မြူနတီက ဒီဟာကို အမြတ်ထုတ်ပြီးတော့ ပြဿနာ ပိုကြီးထွားလာအောင် ဒီလိုပုံစံမျိုးတွေ လှုံ့ဆော်ပြီးတော့ ရပ်တည်နေတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံ တကာက အဖြစ်မှန်သိအောင် နိုင်ငံတကာ မီဒီယာကို ထိုးဖောက်ဖို့ အဖြစ်မှန်တွေကို သေသေချာချာပြောပြဖို့ လိုပါမယ်။ သံတမန်နည်းအရလည်း ဆက်သွယ် ဆောင်ရွက်ဖို့လိုမယ်။ ဒေသတွင်းရော၊ တစ်ကမ္ဘာလုံးရော အဖြစ်မှန်ကိုသိအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုမယ်” ဟု သတင်းထောက်များအား ပြောကြားသည်
စစ်တွေတွင် လုပ်ကိုင်နေသူ ဦးကျော်ဇေယျက “ကျွန်တော့်လုပ်ငန်းက စစ်တွေမှာ ရှိပါတယ်။ ကျွန်တော်လည်း ရခိုင်အရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့အတွက် ဒီပွဲကို လာတက်တာပါ။ ဆွေးနွေးနေတဲ့ အပေါ်မှာတော့ ကျေ နပ်အားရမှု ရှိပါတယ်။ မြဝတီ မီဒီယာကနေ ဦးဆောင်ပြီးကျင်းပတဲ့ ပွဲဖြစ်လို့ လုံခြုံရေးအမြင်နဲ့ ပိုပြီးဆွေးနွေးသွားတာ တွေ့ရပါတယ်။ ကျွန်တော့်အမြင်ကတော့ လုံခြုံရေးအမြင်ရော၊ နိုင်ငံရေးအမြင်ရော ဆွေးနွေးစေချင်တာပေါ့။ ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်နေတာနဲ့ ဆွေးနွေးတာနဲ့ဆိုရင် လိုအပ်ချက်လေးတွေ ရှိနေပါတယ်။ တ ကယ် ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေ အများကြီးပဲ ရှိပါတယ်။ အဲဒီ အနေအထားတွေ ထည့်သွင်းဆွေးနွေးမယ်ဆိုရင် ပိုပြီးတော့ကောင်းမယ်လို့ ထင်ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ ဘူးသီးတောင်၊ မောင်တောအနေနဲ့ မဟုတ်ဘဲ ရခိုင်ပြည်နယ် တစ်ခုလုံး အနေနဲ့ ကြည့်သင့်ပါတယ်။ လုံခြုံရေးအတွက် ဆိုရင်တော့ တပ်မတော်ရဲ့ အင်အားကို တိုးချဲ့ရမယ်။ ခေတ်မီစစ်လက်နက် ကိရိယာတွေ သုံးသင့်တယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့ကသုံးနေတဲ့ လက်နက်တွေကို ပံ့ပိုးပေးသင့်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူ့ရဲတွေ သုံးနေတဲ့ လက်နက်တွေက လိုအပ်ချက်တွေ ရှိနေလို့ပါ။ အဆင့်မြှင့်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု သတင်း ထောက်များအား ပြောကြားသည်။
ရန်ကုန်မြို့တွင် စက်တင်ဘာ ၇ ရက်က “ရခိုင်ပြည်နယ်အရေး ဆွေးနွေးမှုမှ အဖြေရှာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲစကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Link : Here