" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နိုင်ငံတကာမီဒီယာ. Show all posts
Showing posts with label နိုင်ငံတကာမီဒီယာ. Show all posts

Monday, January 6, 2020

ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာ နိုင်ငံတကာမီဒီ ယာ မျှမျှတတ မရေးပါ

ဧရာဝတီ
ကျော်ဖြိုးသာ
6 January 2020
             ဒီဇင်ဘာလ ၁၁ ရက် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် လျှောက်လဲချက်ပေးနေသည့်                    
 နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်/ / နိုင်ငံတော်အတိုင်ပင်ခံရုံး

 ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ) ခန်းမဆောင်တွင် အဖွဲ့ဝင် ၁၇ ဦးပါသည့် တရားသူကြီး အဖွဲ့ရှေ့မှောက်၌ ကြားနာမှု ကို တက်ရောက်ခဲ့သည့်အချိန် နိုင်ငံတကာမီဒီယာ၏ အာရုံစိုက်မှုသည် သူမ အပေါ်တွင်သာ ရှိနေခဲ့သည်။ ရခိုင် ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များအား မြန်မာနိုင်ငံက လူမျိုးတုန်း သတ်ဖြတ်ခဲ့သည် ဆိုသော ဂမ်ဘီယာ နိုင်ငံဘက်က စွပ်စွဲမှုကို ဒေါ်အောင်ဆန်းစုကြည်က နားထောင်နေပုံအား သရုပ် ဖော်ရာတွင် “ခံစားချက် မရှိ” ဆို သော စကားလုံးသည် နိုင်ငံတကာ မီဒီယာများ ထိုနေ့က သုံးစွဲရန် ဓာတ်ကျ ခဲ့သော စကားလုံးဖြစ်ခဲ့ပြီး မြန်မာနိုင် ငံနှင့် ပတ်သက်သော သူတို့၏ စိတ်လှုပ်ရှားမှု စတင်လေတော့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */