Showing posts with label Ms. Ursula Mueller. Show all posts
Showing posts with label Ms. Ursula Mueller. Show all posts

Friday, May 17, 2019

ကုလ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller နဲ့ VOA သီးသန့်တွေ့ဆုံမေးမြန်းခန်း

VOA  
ဗွီအိုအေ (မြန်မာဌာန
မခင်ဖြူထွေး
14 မေ၊ 2019


လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်း စာနာမှုအကူ အညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့မှာ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လို အပ် နေသေးတဲ့အကြောင်း လူသားချင်းစာနာမှု ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူး ချုပ် လည်း ဖြစ်၊ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်း ဖြစ်တဲ့ အာရ်ဆူလာမလာ က ပြောပါတယ်။ ဒီလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စစ်မူလာရဲ့ ခရီး စဉ် အတွင်း လက်ရှိ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိ ချက်တွေ ကိုတော့ မစ္စစ်မူလာကို မခင်ဖြူထွေးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ 

Wednesday, May 15, 2019

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု UNOCHA Ms. Ursula Mueller အဖွဲ့နှင့်ကမ္ဘာ့ဘဏ်မှ Senior Economist နှင့်အဖွဲ့တို့အား သီးခြားစီတွေ့ဆုံ

မြန်မာ့အလင်း
စစ်တွေ မေ ၁၃

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး လက် ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ်မှ Senior Economist နှင့်အဖွဲ့တို့အား သီးခြားစီတွေ့ဆုံ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံးမှ လက်ထောက်အတွင်းရေး မှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ် ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးချုပ်Ms. Ursula Muellerနှင့်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

ဒေါ်အောင်ဆန်းစုကြည် UNOCHA ၏ ဒုတိယ ညှိနှိုင်းရေးမှူး အား လက်ခံတွေ့ဆုံ

မြန်မာ့အလင်း  
နေပြည်တော် မေ ၁၄ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် UNOCHA ၏ အရေးပေါ်ကယ် ဆယ်ရေး ဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူသား ချင်းစာနာ ထောက်ထားမှုရေးရာ ညှိနှိုင်း ရေးရုံး (UNOCHA) ၏ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိ ယညှိနှိုင်းရေးမှူး Ms. Ursula Mueller နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */