" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label NLD.HRW. Show all posts
Showing posts with label NLD.HRW. Show all posts

Monday, February 6, 2023

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

RED NEWS AGENCY
Editor ,BNA(Anailysis)
February 4, 2023
ရိုဟင်ဂျာလူမျိုးသောင်းဂဏာန်အထိသတ်ဖြတ်ခံခဲ့ရပြီးရိုဟင်ဂျာကျေးရွာပေါင်းလေးရာနီးပါးအထိ မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီးနိုင်ငံတကာစစ်တမ်းများအရ ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၁၈,၀၀၀သည် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံမှုများနှင့်အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ပြီးအနည်းဆုံး ရိုဟင်ဂျာလူမျိုး၂၅,၀၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ကြရသည်

မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် မြန်မာပြည်အနောက်ဖက်နယ်စပ်၌ လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဥ်သည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာထုတ်ပြန် သောသတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၄ ရက်နေ့ညတွင် စတင်ခဲ့ခြင်းဖြစ်သည်။

ထိုမောင်တော၊ဘူးသီးတောင်၊ရသေ့တောင်သုံးမြို့နယ်ရှိ မြန်မာစစ်တပ်၏ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အာဆာအကြမ်း ဖက်အဖွဲ့က တပြိုင်နက်တည်းဝင်တိုက် သည်ကို အကြမ်း ဖက်နှိမ်နင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ဆိုထားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */