" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်. Show all posts
Showing posts with label လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်. Show all posts

Thursday, December 30, 2021

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား လက်ခံဖို့ဆုံးဖြတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
30 ဒီဇင်ဘာ၊ 2021
လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား လက်ခံဖို့ဆုံးဖြတ်


ရိုဟင်ဂျာမူဆလင် (၁၂၀)ကို တင်ဆောင်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ မြောက်ဖက်စွန်း အာချေးဒေသ ကမ်းလွန်မှာ ရောက်ရှိနေတဲ့ လှေတစင်းကို ဆိုက်ကပ်ခွင့်ပြုဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက် ပါတယ်။

အခုလို ဆုံးဖြတ်ရတာဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါဝင်တဲ့ ဒီဒုက္ခသည်တွေရဲ့ အခြေအနေ လွန်စွာ ဆိုးရွားနေတဲ့အတွက် ဖြစ်တယ်လို့ အင်ဒိုနီးရှား ဒုက္ခသည်ရေးရာ အရာရှိ Armed Wijaya က ပြောပါ တယ်။

“လူသားချင်း စာနာမှု အခြေအနေတွေအရ ၊ အခုလို ပင်လယ်ထဲ မျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံဖို့ အင်ဒိုနီးရှားအစိုးရက ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့” .. သူက ပြောသွားတာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */