ရှေးအသုံးကတော့ " သား " ဟု ဖြစ်သည်။ ဧရာဝတီသားတို့အား အထက်သား၊ အောက်သား၊ အညာသား၊ အကျေသား၊ မြေလတ်သား ဟုခေါ်၏။ ထို့ကြောင့် ပုဂံသား (ဂံသား)၊ ယောသား၊ အင်းဝသား၊ ထားဝယ်သား၊ ဘိတ်သား၊ တောင်ရိုးသား၊ အင်းသား စသဖြင့်တွင်သည်။ အမှန်ရှိခဲ့သော အသုံးများ ဖြစ်၏။
ရှေးအသုံးကတော့ " သား " ဟု ဖြစ်သည်။ ဧရာဝတီသားတို့အား အထက်သား၊ အောက်သား၊ အညာသား၊ အကျေသား၊ မြေလတ်သား ဟုခေါ်၏။ ထို့ကြောင့် ပုဂံသား (ဂံသား)၊ ယောသား၊ အင်းဝသား၊ ထားဝယ်သား၊ ဘိတ်သား၊ တောင်ရိုးသား၊ အင်းသား စသဖြင့်တွင်သည်။ အမှန်ရှိခဲ့သော အသုံးများ ဖြစ်၏။
ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇ဝဝဝ ကျော်၊ လူမျိုးနွယ် ပေါင်း ၅ဝဝဝ ကျော် ရှိနေသည်ကို စာပေနှင့် မကင်းကွာသူ အတော်များများ သိကြပြီးဖြစ် သည်။ အရှေ့တောင်အာရှအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံတွင် ပင် လူဦးရေသန်းပေါင်း ၂ဝဝ ကျော်ရှိပြီး လူမျိုးနွယ်ပေါင်း ၂၅ဝ ကျော် ရှိလေသည်။ သို့သော် ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်း မှတ်တမ်း အရ နေပြည်တော် သတင်း ရပ်ကွက် မှ မြန်မာနိုင်ငံတွင် လူမျိုးနွယ် aပါင်း ၈၃ဝ ကျော် ဖြစ်သွားခြင်းသည် ယခင်က သူပြော ငါပြော လူပြော များနေသည့် တိုင်းရင်းသား ၁၃၅ မျိုးကို ကမ္ဘာသိ ချေဖျက်လိုက်ခြင်း ပင် ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးနွယ်စာရင်း၈၃ဝ ကျော် ဖြစ်နေခြင်းသည် ယုတ္တိ မရှိခြင်း၊ အဓိပ္ပာယ် မဲ့နေခြင်း အမှားအယွင်း တစ်ခုခုရှိနေ ကြောင်း ကမ္ဘာကြီးကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့သို့ဖြစ်ခဲ့ရခြင်း ၏ အဓိက အကြောင်းအရင်းမှာ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဌာနကြောင့်ပင် ဖြစ်သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေနဲ့ ပတ်သက်ပြီး လူမျိုး အမည်ရေးသွင်းရာမှာ ဘင်္ဂါလီလူမျိုးလို့ ထည့်သွင်းစေချင်ကြောင်း၊ သို့မဟုတ် ကုဒ်နံပါတ်တစ်ခုခု တိတိကျ ကျ သတ်မှတ်ပေးဖို့နဲ့ ရိုဟင်ဂျာလို့ ဖြည့်သွင်းတာကို လုံးဝ လက်ခံခြင်းမပြုဖို့ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ RNDP က မနေ့ကရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။