" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂါဇာ. Show all posts
Showing posts with label ဂါဇာ. Show all posts

Friday, December 15, 2023

အစ္စရေးအနေနဲ့ ဂါဇာကို ရေရှည်သိမ်းပိုက်ထားဖို့ မဖြစ်နိုင်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၅ ဒီဇင်ဘာ၊ ၂၀၂၃ 

အစ္စရေးနိုင်ငံ မြို့တော် Tel Aviv မှာ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြောနေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan (ဒီဇင်ဘာ ၁၅၊ ၂၀၂၃)

ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ ထောက်လှမ်းရေးသတင်း အချက်အလက် အပြည့်အစုံနဲ့ဟာမတ်စ်ခေါင်းဆောင် တွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ပွဲအသွင်သစ်ကို ပြောင်းလဲသွားလိမ့်မယ်လို့ အစ္စရေးနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ဒီကနေ့ ပြောကြား လိုက်ပါတယ်။ အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ကို ရေရှည် သိမ်းပိုက်ထားဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း Jake Sullivan က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Sunday, December 10, 2023

ဂါဇာမှာ အပစ်ရပ်ဖို့ လုံခြုံရေးကောင်စီ အဆိုပြုချက် ဗီတို အာဏာသုံးပြီး အမေရိကန်ပယ်ချ

VOM
ကုလသမဂ္ဂ၊
မျိုးဆက်(VOM)
ဒီဇင်ဘာ-၉-၂၀၂၃


ဂါဇာမှာဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲကို လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ချက်ချင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဆိုပြုချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

Thursday, December 7, 2023

အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးရုရှားပုံရိပ်မြှင့်တင်ဖို့ကြိုး ပမ်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဒီဇင်ဘာ၊ ၂၀၂၃ 

ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အီရန်သမ္မတ အီဘရာဟင်ရိုင်စီ တို့ မော်စကော်မှာ တွေ့ဆုံ။ (ဒီဇင်ဘာ ၇၊ ၂၀၂၃)

အရှေ့အလယ်ပိုင်းဒေသအရေး သံတမန် ကြိုးပမ်းမှုအဖြစ် အီရန်သမ္မတ Ebrahim Raisi ဟာ ရုရှား နိုင်ငံ မော်စကိုမြို့ကိုရောက်နေပြီး ကြာသပတေးနေ့က ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံပါ တယ်။ ရုရှားခေါင်းဆောင်ပူတင်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံနဲ့ ဆော်ဒီနိုင်ငံ တွေ ကိုလည်းသွားရောက်ပြီး ဒေသတွင်း ရုရှားက ကြားဝင်စေ့စပ်ပေးနိုင်ရေးပုံရိပ်ကို မြှင့်တင်ဖို့ကြိုးပမ်းနေ တာပါ။

Tuesday, December 5, 2023

ပြင်သစ်သမ္မတ ဂါဇာတွင် အရပ်သားများ သတ်ဖြတ်မှုကို ဆန့်ကျင်

ABNA
၃ ဒီဇင်ဘာ ၂၀၂၃ 

ပါလက်စတိုင်း အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ အစ္စရေးအတွက် လုံခြုံရေး မပေးနိုင်ဘူးလို့ ပြင်သစ် သမ္မတက အီမန်နျူရယ် မက်ခရွန် ပြောပါတယ်။

Sahar News ၏ သတင်းအထောက်အထားများ အရ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် က ကာတာနိုင်ငံကို မထွက်ခွာခင် ဒူဘိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါလက်စတိုင်းတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက အစ္စရေးရဲ့ လုံခြုံရေးကို အာမခံနိုင်မယ်လို့ ယူဆရင် ဒီအယူအ ဆဟာ လုံးဝမှားယွင်းနေပြီး ဒီလို ဒေသတွင်းမှာ အစ္စရေးဟာ ဘယ်တော့မှ လုံခြုံရေး မရနိုင်ဘူးလို့ ဆိုပါတယ်။

Saturday, December 2, 2023

ဂါဇာရှိ အစ္စရေးတင့်ကားများကို တိုက်ခိုက်ရန် ဟားမတ်စ် ပြင်ဆင်

DVB
December 2, 2023

ဟားမတ်စ်အဖွဲ့ခွဲရဲ့ တိုက်ခိုက်ရေးသမားတွေက ဂါဇာကမ်းမြောင်ဒေသထဲက အစ္စရေးတင့်ကားတွေ ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ ၁ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ ပါတယ်။

ဗီဒီယို ရိုက်ကူးတဲ့ နေရာကို သီးခြား အတည်မပြုနိုင်ပါဘူး။

ဂါဇာတောင်ပိုင်းကို အစ္စရေးတိုက်ခိုက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၀၂ ဒီဇင်ဘာ၊ ၂၀၂၃ 

Smoke rises after an Israeli airstrike in Gaza, after a temporary truce between Israel and the Palestinian Islamist group Hamas expired, as seen from southern Israel

အစ္စရေးနဲ့ ဟာမတ်စ်အကြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်သွားခဲ့ပြီးတဲ့ နောက် ၂ ရက်မြောက်နေ့အဖြစ်နဲ့ နှစ်ဘက်တိုက်ပွဲတွေ အပြန်အလှန်ဖြစ်ပေါ်နေတာမှာ အစ္စရေးက ဂါဇာကမ်းမြောင်ကို ဗုံးကျဲတိုက်ခိုက်မှုတွေ ဒီကနေ့ အရှိန်မြင့် လုပ်ဆောင်နေပါတယ်။

Thursday, November 23, 2023

ဂါဇာမှာ သောကြာနေ့ ယာယီအပစ်ရပ်စမယ်

BBC
November 23'2023

ဂါဇာဒေသမှာ ၄ ရက်ကြာ အပစ်အခတ် ဆိုင်းငံ့ထားရေး သဘောတူချက် သောကြာနေ့မှာ စတင် အ သက်ဝင်မယ်လို့ ကာတာအစိုးရက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို အမြန်ဆုံး စတင် ပို့ဆောင်သွားမယ်လို့ ဒိုဟာမှာရှိတဲ့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

Tuesday, November 21, 2023

ဂါဇာ၌ အပစ်ရပ်ရေး ပေကျင်းရောက် အာရပ်ဝန်ကြီးများ တောင်းဆို

DVB
November 21, 2023


ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ခွင့်ပြုရေးနဲ့ ရန် လိုမှုတွေ အဆုံးသတ်ရေး တွန်းအားပေးဖို့ ခရီးစဉ်ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို ရောက်လာတဲ့ အာရပ်နဲ့ မွတ်စလင်ဝန်ကြီးတွေက ဂါဇာမှာ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ နိုဝင်ဘာ ၂၀ ရက် မှာ တောင်းဆိုလိုက်ပါတယ်။

Friday, November 17, 2023

ဂါဇာကို တစ်ရက် ဆီကား နှစ်စီး ဝင်ခွင့်ပြု

BBC
17 November 2023

ကုလသမဂ္ဂယာဉ်တွေ သုံးဖို့ ဓာတ်ဆီနည်းနည်းပဲ အစ္စရေးက ခွင့်ပြု

ဂါဇာကို တရက်ကို ဆီကား နှစ်စီး ဝင်ခွင့်ပြုတယ်လို့ အစ္စရေးက လာတဲ့ သတင်းတွေအရ သိရပါတယ်။

လောင်စာဆီ မရှိတဲ့အတွက် ကူညီရေးအဖွဲ့တွေ ဂါဇာကို အကူအညီတွေ မပို့နိုင်ဘဲ ဆိုင်းငံ့ခဲ့ရပါတယ်။

Tuesday, November 14, 2023

၅ ရက်ကြာ အပစ်အခတ်ရပ်စဲမှုအတွက် ဂါဇာဒေသရှိ ဓားစာခံ ၅၀ ဦး လွှတ်ပေးရန် အသင့်ရှိဟု ဟားမက်စ်ပြော

ဆင်ဟွာသတင်း
ဂါဇာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) 

ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Al-Qassam တပ်ဖွဲ့က ၎င်းတို့အနေဖြင့် ဂါဇာတွင်ထိန်းသိမ်း ထားသော ဓားစာခံ အမျိုးသမီးနှင့် ကလေး ၅၀ ဦးကို ငါးရက်ကြာ အပစ်အခတ်ရပ်စဲမှုနှင့် လဲလှယ်ရန် အသင့်ရှိသည်ဟု ကြားဝင်စေ့စပ်ပေးသူများကို အသိပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်က ပြောခဲ့သည်။

Sunday, November 12, 2023

ဂါဇာရှိ ဆေးရုံ၌ ပိတ်မိ ကလေးများကို ကယ်ဆယ်မည်ဟု အစ္စရေး စစ်တပ် ပြော

DVB
November 12, 2023


အစ္စရေးစစ်တပ်ဟာ ဂါဇာရှိ အယ်လ်ရှီဖာဆေးရုံမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေကို ကယ်ဆယ်နိုင်ရေးအတွက် နိုဝင်ဘာ ၁၂ ရက်မှာ ကူညီဆောင်ရွက်သွားမယ် လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီ က နိုဝင်ဘာ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

Thursday, November 9, 2023

ဂါဇာကို နျူးကလီးယားနှင့်တိုက်ရန် အစ္စရေးဝန်ကြီး ပြောဆို ခဲ့မှု အမေရိကန် ရှုတ်ချ

DVB
November 8, 2023

ဂါဇာကို နျူးကလီးယားနဲ့တိုက်ခိုက်ဖို့ အစ္စရေးရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တဲ့ အစ္စရေးအစိုးရအဖွဲ့ စစ်ရေးဝန်ကြီးရဲ့ မှတ်ချက်ကို အမေရိကန်က နိုဝင်ဘာ ၆ ရက်မှာ ရှုတ်ချလိုက် ပါတယ်။

Friday, November 3, 2023

အစ္စရေးက ဂါဇာတွင် အစုအပြုံလိုက်သတ်ဖြတ်မှု ၃ ကြိမ် ကျူးလွန်ဟု ဟားမတ်စ်စွပ်စွဲ

DVB
November 3, 2023

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ ၂၄ နာရီအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ ကြောင်း ဟားမတ်စ် တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂ ရက်မှာ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ 

ဂျာဘာလီယာနဲ့ နူဆေရတ် ဒုက္ခသည်စခန်းတွေကို အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ လူပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း ဟားမတ်စ်ရဲ့ နိုင်ငံတကာဆက်ဆံရေးအရာရှိ အော့ဆာမာ ဟမ်ဒန်က ဘေ ရွတ်မြို့မှာ ပြောဆိုခဲ့ပါတယ်။ 

Tuesday, October 31, 2023

ဂါဇာရှိ ကင်ဆာဆေးရုံကို အစ္စရေးက တိုက်ခိုက်

M-Media
အောက်တိုဘာ ၃၁၊ ၂၀၂၃

ဂါဇာကမ်းမြှောင်တောင်ပိုင်း ဂါဇာစီးတီးမှာရှိတဲ့ တူရကီ-ပါလက်စတိုင်း ချစ်ကြည်ရေး ကင်ဆာဆေး ရုံကို အစ္စရေးက တနင်္လာနေ့မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆိုးဆိုးရွားရွား ပျက်ဆီး ခဲ့ပါ တယ်။

တနင်္လာနေ့ တစ်နေ့လုံး ဆေးရုံပတ်၀န်းကျင်ကို တိုက်ခိုက်ခဲ့ရာကနေ ညနေ ၅ နာရီခွဲလောက်မှာ မေ့ ဆေးဌာနရှိရာ ဆေးရုံရဲ့ တတိယထပ်ကို ဒုံးကျည်နဲ့ အစ္စရေးက ပစ်ခတ်ခဲ့တာပါ။

Monday, October 30, 2023

ပြိုကျသွားခဲ့သည့် အစ္စရေး၏ သံမဏိတံတိုင်းကြီး

CNI
ဆောင်းပါး
CNI Article
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇


ဇီယွန်ဝါဒ သို့မဟုတ် အစ္စရေးထွန်းကားရေးဝါဒ၏ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး အချက် သည် ဂျူးလူမျိုး များအတွက် ဘေးကင်းလုံခြုံသည့် နေရာတစ်ခုကို ဖန်တီးပေးရန် ဖြစ်သည်။

ဥရောပအနှံ့ရှိ လူနည်းစုများသည် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေး လွတ်လပ်ခွင့်တို့ကို စိတ်ချ သေချာစေရန် နည်းလမ်းပေါင်းစုံဖြင့် ပုံဖော်လုပ်ဆောင်ခဲ့သည့် ကာလအတွင်း ထိုအယူဝါဒ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။

အစ္စရေးတပ်ဖွဲ့တွေ ဂါဇာ ထဲကို ၃ ကီလိုမီတာ အထိဝင် ရောက်ပြီ

NHK World Japan
October 30' 2023

ဂြိုဟ်တုဓာတ်ပုံတွေက အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမြောက်ပိုင်းကို ဝင်ရောက်သွားပြီဖြစ်ပြီး တောင်ဘက်ကို ၃ ကီလိုမီတာလောက်အထိ ရောက်ရှိသွားပြီဆိုတဲ့ အရိပ်လက္ခဏာကို ပြနေပါတယ်။ 

အစ္စရေးစစ်တပ်ဟာ တနင်္ဂနွေနေ့က ပြင်းထန်လှတဲ့ လေကြောင်း ထိုးစစ်နဲ့ မြေပြင်စစ်ဆင်ရေးကို ဆက်လုပ်ခဲ့ ပါတယ်။

Sunday, October 29, 2023

ဂါဇာကမ်းမြောင်၌ စစ်ဆင်ရေး အရှိန်မြှင့်နေဟု အစ္စရေး စစ်တပ် ပြော

DVB
October 28, 2023

အစ္စရေးလေကြောင်းနဲ့ မြေပြင်တပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်မှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်နေ ကြောင်း အစ္ စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက အောက်တိုဘာ ၂၇ ရက် ရုပ်မြင် သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းပြည်သူများ ဂါဇာကမ်းမြောင် တောင်ဘက်ကို ရွှေ့ပြောင်းရန် အစ္စရေးထပ်သတိပေး

DVB
October 29, 2023

ပါလက်စတိုင်းတွေ ဂါဇာကမ်းမြောင်တောင်ဘက်ကို ရွှေ့ပြောင်းဖို့ အရေးပေါ် တောင်းဆိုချက်တစ်ရပ်ကိုအစ္စရေး စစ်တပ်က လူမှုကွန်ယက် မီဒီယာ Xပေါ်ကနေ အောက်တိုဘာ ၂၈ရက်မှာ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

ICRC ကယ်ဆယ်ရေး ယာဉ်တန်း ဂါဇာကိုဝင်ရောက်

DVB
October 29, 2023

အရေးပေါ်ဆေးဝါးနဲ့ ရေသန့်စင်စက်တွေကို တင်ဆောင်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ကယ်ဆယ်ရေး ကုန်တင်ကား ၆ စီးဟာအောက်တိုဘာ ၂၇ ရက်က အီဂျစ်နိုင်ငံကနေ ဂါဇာကို ဝင်ရောက်ခဲ့ပါ တယ်။

ဂါဇာဆေးရုံကြီးကိုဟားမတ်စ်ကစစ်ဆင်ရေး ဒိုင်းကာအဖြစ် သုံးနေဟု အစ္စရေးပြော

DVB
October 29, 2023

အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်က ဂါဇာရှိပင်မဆေးရုံကြီးကို သူ့ရဲ့ဥမင်လိုဏ်ခေါင်းတွေနဲ့ စစ်ဆင်ရေးစင် တာတွေအတွက် ဒိုင်းကာအဖြစ် သုံးစွဲနေတယ်လို့ အစ္စရေးစစ်တပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */