DVB
December 22, 2024
Sunday, December 22, 2024
ဧရာဝတီတိုင်း၌ တလအတွင်း ရိုဟင်ဂျာ ၇၀ ကျော် ဖမ်းဆီးခံခဲ့ရ
Monday, March 18, 2024
Wednesday, February 7, 2024
Tuesday, January 2, 2024
ဧရာဝတီတိုင်း၌ ၁ နှစ်အတွင်း ရိုဟင်ဂျာ ၆၀၀ ကျော် ဖမ်းဆီး ခံရပြီး ၅၀၀ ကျော် ထောင်ချခံထားရ
DVB
January 2, 2024
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ဧရာဝတီတိုင်းကို အကြောင်းအမျိုးမျိုးနဲ့ ဝင် လာတဲ့ ရိုဟင်ဂျာ ၆၂၅ ယောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး ၅၀၄ ယောက်အား ထောင်ဒဏ် တွေ ချမှတ်ထားတယ်လို့ ရိုဟင်ဂျာတွေကို ကူညီပေးသူဆီက သိရပါတယ်။
Friday, September 29, 2023
စက်လှေပေါ်တွင် ဖမ်းမိသော ရိုဟင်ဂျာ ၇၂ ဦးကို ထောင် ဒဏ် များချမှတ်
သံလွင်တိုင်းမ်
Friday, September 29, 2023
ဧရာဝတီတိုင်း အနီးက ပင်လယ်ပြင်တွင် စက်ပျက်နေသော စက်လှေပေါ်က ဖမ်းမိသည့် ရိုဟင်ဂျာ ၇၂ ဦး ကို လပွတ္တာခရိုင် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချလိုက်သည်။
စက်ပျက်နေသော စက်လှေပေါ်က ရိုဟင်ဂျာ အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၅ ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
Friday, August 4, 2023
ရိုဟင်ဂျာဒုက္ခသည် ၇၀ ကျော် လပွတ္တာမှာ ဖမ်းဆီးခံရ
RFA
RFA Burmese
2023.08.04
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ၇၂ ယောက် လိုက်ပါလာတဲ့ စက်လှေတစ်စီးကို ဧရာ ဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဩဂုတ်လ ၄ ရက်နေ့က ဖမ်းမိတယ်လို့ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Tuesday, November 1, 2022
စက်လှေဝမ်းဗိုက်ကွဲ၍ ပင်လယ်ထဲ မျောပါနေသည့် ရိုဟင် ဂျာ ၆၀ ဦး ဘိုကလေးမြို့ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီး ခံရ
မဇ္စျိမ
01 November 2022
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ ၊ ကဒုံကနိကျေးရွာအုပ်စု၊ ကတုံးလေးကျွန်းအနီးတွင် အောက်တိုဘာလ ၃၀ ရက် နေ့ညပိုင်းက ရိုဟင်ဂျာ ၆၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် စက်လှေဝမ်းဗိုက်ကွဲကာ ပင်လယ်ထဲမျောပါရာမှ ကတုံးလေးကျွန်းအနီးသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ လိုက်ပါလာသည့် စက်လှေသမား ငါးဦးပါဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
Monday, October 31, 2022
ထွက်ပြေးဖို့ကြိုးစားတဲ့ရိုဟင်ဂျာ ၆၀ကျော် ကဒုံးလေးကျွန်း မှာ ဖမ်းဆီးခံရ
B B C
ဘီဘီစီမြန်မာပိုင်း၂၀၂၂-၁၀-၃၁ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ထဲက ကဒုံကနိကျေးရွာအပိုင်ထဲရှိ ကဒုံးလေးကျွန်းအနီးမှာ မနေ့အောက်တို ဘာ ၃၀ ရက် ညနေပိုင်းက ရိုဟင်ဂျာ ၆၀ကျော်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အမျိုးသား ၅၀ ကျော်နဲ့ အမျိုးသမီး၆ယောက်ပါတဲ့ သူတို့စီးလာတဲ့ လှေဝမ်းဗိုက်ပေါက်ပြီး သောင်တင်ခဲ့ချိန်မှာ ငါးဖမ်းသမားတွေကမြင်ခဲ့တာလို့ ကဒုံကနိကျေးရွာသားတစ်ဦးကပြောပါတယ်။
Saturday, October 15, 2022
ရိုဟင်ဂျာ တစ်ထောင်နီးပါး အဖမ်းခံထားရပြီး ၂၀၀ ကျော် ထောင်မိန့်ချခံထားရ
2022.10.14
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၉၉၂ ဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီအထဲက ၂၂၃ ဦးကို စစ်ကောင်စီတရားရုံးတွေက ထောင်နှစ်နှစ်ကနေ ငါး နှစ်အထိ ချမှတ်ထားပါတယ်။
RFA ရဲ့ စာရင်းတွေအရ အဲဒီ ၉၉၂ ဦးဟာ တချို့က မလေးရှားနိုင်ငံ၊ တချို့က ပြည်တွင်း နေရာတချို့မှာ ပြောင်း ရွှေ့နေထိုင်ဖို့ ကြိုးစားစဉ် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ပြည်တွင်း နေရာတချို့မှာ ဖမ်းဆီးခံလိုက်ရတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်တုန်းကတော့ အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန် ပို့ တာမျိုး လုပ်ဆောင်ခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်မှာ မြို့နယ်တရားရုံးတွေကနေ လဝကဥပဒေနဲ့ ထောင်ချတာမျိုးလုပ်လာတာလို့ စစ်တွေမြို့က ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးတင်လှိုင်က ပြော ပါတယ်။
Wednesday, September 21, 2022
ရိုဟင်ဂျာ ကလေး ၂၅ ဦး အပါအဝင် ၄၀ ကျော် ဖမ်းခံရ
Wednesday, September 21, 2022
“ရွာမှာ မျက်နှာစိမ်း အမျိုးသမီး တစ်ဦးကို တွေ့လို့ ရွာလူကြီးတွေက ခေါ်စစ်တာမှာ ကျန်တဲ့ ၄၁ ယောက်ကို ပါ ဖမ်းမိတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
Tuesday, March 23, 2021
Monday, March 22, 2021
ဧရာဝတီတိုင်းထဲမှာ စက်လှေပျက်ပြီး ရိုဟင်ဂျာ ၄၁ ဦး ဖမ်းဆီးခံရ
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-03-22
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာမှာ သောင်တင်နေတဲ့ စက်လှေပျက်တစ်စီးပေါ် လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၄၁ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။