" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label AA တိုက်ပွဲ. Show all posts
Showing posts with label AA တိုက်ပွဲ. Show all posts

Monday, February 5, 2024

စစ်ကောင်စီနဲ့ AA တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ၂ ဦးသေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၅ ဖေဖော်ဝါရီ၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Jalpaitoli ကျေးရွာမှာ မော်တာကျည် ထိမှန်ပြီး သေဆုံးသွားသူ ရိုဟင်ဂျာအမျိုးသားရဲ့ ရုပ်အလောင်းကို အဝတ်စနဲ့ ဖုံးအုပ်ထားစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြား မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲမှုကြောင့် ဒီကနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ အနည်းဆုံး လူ ၂ ဦး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ Jalpaitoli ကျေးရွာမှာ ဒေသစံတော်ချိန် ၂ နာရီကျော်လောက်က မော်တာကျည် ထိမှန်ပြီးအသက် ၄၈ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ အမျိုးသမီးနဲ့ ရိုဟင်ဂျာ အမျိုးသားတယောက် သေဆုံးခဲ့ကြောင်း ဒေသခံရဲမှူး Abdul Mannan ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */