" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သုံးပွင့်ဆိုင်. Show all posts
Showing posts with label သုံးပွင့်ဆိုင်. Show all posts

Tuesday, November 17, 2020

ရိုဟင်ဂျာအရေး သုံးပွင့်ဆိုင်ဆွေးနွေးဖို့ ကပ်ဘေးကြောင့် နှောင့်နှေး

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2020-11-17
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA


ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာမယ့် မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်းနဲ့ ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ မကြာခင် စတင်နိုင် မယ်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆွေးနွေးမှုတွေစတင်ဖို့ လောလောဆယ် အစီအစဉ် မရှိ သေးဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

Saturday, October 24, 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဒုတိယအကြိမ် ၃ ပွင့်ဆိုင်ဆွေး နွေးရေး တရုတ်စီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)


ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆွေးနွေးပွဲ ဒုတိယအကြိမ်ကျင်း ပနိုင်ဖို့အရေး တရုတ် နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာမခံ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေး ဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး United News of India - UNI သတင်းဌာနက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Dr. AK Abdul Momen ကို ကြာ သပတေးနေ့က ညနေပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောရာမှာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေး aကာက်ပွဲ ကျင်းပပြီးနောက်ပိုင်း သုံးပွင့် ဆိုင် ဆွေးနွေးကြဖို့ကို မူအားဖြင့် သဘောတူညီခဲ့ကြ ဖြစ်လို့လည်း ပြောပါတယ်။

Wednesday, September 25, 2019

ရိုဟင်ဂျာအရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အချက်သုံးချက် သဘောတူ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-09-24
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်မိုမင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာဘာဂနာတို့အား ၂ဝ၁၉ စက်တင်ဘာလ ၂၃ ရက်နေ့ နယူးယောက်မြို့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်။
                                   

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဦးဆောင်ပြီး မြန်မာ နဲ့ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိတွေ မနေ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးရာမှာ သဘောတူညီချက် သုံးချက် ရရှိခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ထုတ်ပြန်ပါတယ်။

Tuesday, September 24, 2019

ရခိုင်ပြည်နယ်အရေး တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၃ ပွင့် ဆိုင်ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
24 စက်တင်ဘာ၊ 2019

ရခိုင်ပြည်နယ်အရေး တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၃ ပွင့်ဆိုင်ဆွေးနွေး (ဓါတ်ပုံ-CCTV)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ မြန်မာ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံက အစိုးရအရာ ရှိတွေ တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ အပြန်ဘန်းမှာ သီးခြားတွေ့ဆုံခဲ့ကြပြီး ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အချက်သုံးချက်အပေါ် သဘောတူညီမှု ရယူခဲ့ကြပါတယ်။

Friday, September 20, 2019

ရိုဟင်ဂျာပြဿနာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ လာမယ့်အပတ် ကျင်းပမယ်

RFA
လွတ်လပ်တဲ့ အာရှအသံ
20 September 2019
(ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် Li Jiming နဲ့ ကော့ဘဇားခရိုင် Shalbagan ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တွေ ၂၀၁၉ စက်တင်ဘာ ၁၆ ရက်နေ့ကတွေ့ဆုံစဉ်)
■ ရိုဟင်ဂျာပြဿနာဖြေရှင်းရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့ ပါဝင်မယ့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို လာမယ့်အပတ်အတွင်း တရုတ်ပြည်ရဲ့ ပါဝင်ညှိနိုင်းပေးမှုနဲ့ နယူးယောက်မြို့မှာ ကျင်းပမယ် လို့ ဒါကာမြို့က ဒီကနေ့ လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာ ခံကျ င်းပေ နေစဉ်ကာလအတွင်း ညီလာခံပြင်ပမှာ အဲဒီတွေ့ဆုံပွဲကို ပြုလုပ်မှာ ဖြစ်တယ်လို့ The Daily Star သ တင်းစာက ရေးပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */